Xiaomi ကနေ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ Flagship စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Mi 10 Pro Plus ဖုန်းကို မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ Mi 10 Pro Plus ဟာ လက်ရှိထွက်ရှိထားတဲ့ Mi 10 Pro ဖုန်းကိုမှ Telephoto နဲ့ Macro Sensor တွေကို အာရုံစိုက်လာမယ့်အပြင် Battery Charging အမြန်ဆန်ဆုံးစမတ်ဖုန်းဖြစ်လာမှာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Battery Charging အမြန်ဆန်ဆုံးစမတ်ဖုန်းဖြစ်လာမယ်ဆိုတာကိုတော့ German TUV Rheinland Certification ပေါက်ကြားလာတဲ့အတွက် အတည်ပြုနိုင်ပြီလို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် Mi 10 Pro Plus ရဲ့ Battery ဟာ ပုံမှန်လိုမျိုး Cell တစ်ခုထဲမဟုတ်ဘဲ 2180mAh နဲ့ 2250mAh Battery Cell ၂ ခုခွဲထားတဲ့ Dual-Cell Battery ကို အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် Xiaomi ကနေ Mi 10 Pro Plus စမတ်ဖုန်းဟာ 120W Fast Charging နည်းပညာကို အသုံးပြုလာဖို့က သေချာသလောက်ဖြစ်နေပါပြီ။ Qualcomm က မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Quick Charge 5 နည်းပညာဖြစ်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လောလောဆယ်မှာ OPPO ၊ Vivo နဲ့ realme လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက 100W နဲ့အထက် Fast Charging နည်းပညာတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပေမယ့် အစောဆုံးကတော့ Xiaomi ကနေပဲ စျေးကွက်ထဲကို မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

Ref – GSM Arena