Xiaomi က သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် တရုတ်မှာ ထုတ်ကုန်အသစ်များစွာကို  ဒီလ ၁၁ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ CEO Lei Jun က အဲဒီထုတ်ကုန်ထဲမှာ Mi 10 Extreme Commemorative Edition ပါမယ်လို့ သတင်းပေးထားပြီး နိုင်ငံတကာမှာ Mi 10 Ultra နာမည်နဲ့ ကြေညာမှာပါ။ အဲဒီဖုန်းရဲ့ သတင်းတွေဟာ မိတ်ဆက်ပွဲ မတိုင်ခင်ကတည်းက ထွက်ပေါ်နေပြီး Ice Universe က Mi 10 Ultra ဟာ ဖုန်းနယ်ပယ်ကို အံ့အားသင့်သွားစေမယ်လို့ ပြောပေမယ့် အသေးစိတ်ကို မပြောပါဘူး။ နောက်သတင်း ၁ ခုက အဲဒီဖုန်းမှာ မျက်နှာပြင်အောက် ကင်မရာ ပါမယ်လို့ ပြောပါတယ်။

Xiaomi က Mi 10 Ultra Version ၂ မျိုး ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပြီး ၁ လုံးက Ceramic Panel နဲ့ နောက် ၁ လုံးက Transparent Back Panel ဖြစ်ပါတယ်။ Ceramic Back Panel Version ရဲ့ အခြေခံ မော်ဒယ်မှာ 8GB+256GB နဲ့ 12GB+256GB Configuration တွေ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ Transparent Back Panel Version အတွက် 12GB+256GB နဲ့ 16GB+512GB Configuration တွေ ရောင်းချပေးမယ်လို့ သတင်းထွက်နေပါတယ်။

Vapor Chamber Cooling ကို ပိုကောင်းအောင် ပြုလုပ်ပေးထားမှာ ဖြစ်ပြီး HiRes Audio အတွက် Custom Algorithm ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ နောက်မျိုးဆက် FP Reader နဲ့ Periscope Lens တွေ ထည့်သွင်းထားမှာပါ။

Mi 10 Ultra မှာ AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 865+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4,500mAh ဘက်ထရီ၊ 100 or 120W Fast Wired Charging ၊ 55W Wireless Charging တွေ ပါလာနိုင်ပါတယ်။

Ref : gizmochina