Xiaomi ဟာ မကြာခင်ကပဲ စမတ်ဖုန်း နယ်ပယ်မှာ အံ့အားသင့်သွားစေခဲ့တဲ့ Mi 10 Ultra or Mi 10 Extreme Commemorative Edition ကို တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ ရောင်းပေးလိုက်ပါပြီ။ ရောင်းအား အရမ်းလန်းနေပြီး Xiaomi က ပထမ ၁၀ မိနစ်အတွင်း ဒေါ်လာ ၅၇.၇ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Xiaomi Mi 10 Pro ကတော့ အဲဒီ ပမာဏရဲ့ ထက်ဝက်လောက်ပဲ ရောင်းချနိုင်ခဲ့တာပါ။

Xiaomi က Mi 10 Ultra ရောင်းချရတဲ့ အရေအတွက်ကို မပြောသေးပါဘူး။ ဒါပေမယ့် Mi 10 Ultra ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၇၆၀ ဒေါ်လာနဲ့ တန်ဖိုးအများဆုံး မော်ဒယ်ကို ၁၀၀၇ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် အလုံးရေ ၅၇,၀၀၀ ကနေ ၇၅,၀၀၀ အတွင်း ရောင်းချရနိုင်ပါတယ်။ မြန်မာငွေ ၁၀ သိန်း ၃ သောင်းနဲ့ ၁၃ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Mi 10 Ultra မှာ ၆.၆၇ လက်မ 2340x1080p မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 120W Wired Charging က 4500mAh ဘက်ထရီကို ၂၃ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ 50W Wireless Charging ကလည်း အရမ်းကို မြန်မှာပါ။ Mi 10 Ultra ရဲ့ 48MP Main ကင်မရာဟာ DxOMark Ranking မှာ ပထမနေရာယူထားတဲ့ Huawei P40 Pro ကို နန်းကျသွားစေခဲ့ပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB UFS3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။

Ref : gizchina