Xiaomi ဟာ လာမယ့်တနင်္လာနေ့မှာ Mi 10 Youth ကိုကြေညာတော့မှာဖြစ်ပြီး အဆိုပါဖုန်းဟာ TENAA ပေါ်ကို Specs အပြည့်အစုံနဲ့ရောက်ရှိလာခဲ့ပါပြီ။ ဒီဖုန်းမှာ Snapdragon 765G, 48MP အဓိကကင်မရာနဲ့ Memory အမြင့်တွေပါဖို့ အတည်ပြုပြီးသားဖြစ်ပါတယ်။

ချစ်ပ်ဆက်ကို အမည်အတိအကျမဖော်ပြထားပေမယ့် 2.4GHz CPU လို့ဖော်ပြထားပြီး SD765G ကသာ ဒီအမြန်နှုန်း အတိအကျရှိတာဖြစ်ပါတယ်။ Mi 10 Youth ဟာ တရုတ်နိုင်ငံ ပြင်ပဈေးကွက်တွေကိုတော့ Mi 10 SE အဖြစ် ရောက်လာဖို့ မျှော်မှန်းထားပြီး RAM မန်မိုရီမှာ 4/6/8GB သုံးမျိုးရရှိနိုင်သလို Storage မှာလည်း 64/128/256GB ဆိုပြီး သုံးမျိုးထွက်လာမှာပါ။

ဖုန်းရဲ့အရှေ့ဘက်မှာ Punch-hole ဒီဇိုင်းအစား Waterdrop Notch နဲ့ ဆဲလ်ဖီကင်မရာတစ်လုံးတည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် Xiaomi ရဲ့ပိုစတာတွေမှာ ဖုန်းရဲ့နောက်ကျောဘက်ကိုပဲ အသားပေးဖော်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။ Display က 6.57” OLED Panel ဖြစ်ပြီး ပုံတွေထဲမှာ Fingerprint ကို မမြင်ရတဲ့အတွက် ဒီ Bio-sensor ကို Display အောက်မှာ ထည့်လာတယ်လို့ ယူဆရပါတယ်။

ဘက္ထရီက 4,060mAh ဝန်းကျင်ဖြစ်ပြီး အားအမြန်သွင်းစနစ်တစ်ခုလည်း ပါဝင်မှာပါ။ OS ကတော့ Android 10 ပဲဖြစ်ပြီး 3.5mm Audio Jack နဲ့ MicroSD တို့ကိုတော့ မတွေ့ရသေးပါဘူး။

Ref – GSM Arena