Xiaomi က Mi 10 Youth 5G ကို ကြေညာလိုက်ပြီး Periscope ကင်မရာ ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အဲဒီဖုန်းမှာ 50x Zoom , Snapdragon 765G Chipset နဲ့ အရွယ်ကြီး ဘက်ထရီတွေ ပါလာပါတယ်။ အဲဒီဖုန်းဟာ Global Mi 10 Lite 5G နဲ့ တော်တော်များများ တူပြီး ၆.၅၇ လက်မ AMOLED Full HD+ မျက်နှာပြင်ပါလာပါတယ်။ 180Hz Touch Sampling Rate က မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။

Periscope Lens ပါတဲ့ 8MP Telephoto ကင်မရာ ပါလာပြီး 5x Optical Zoom နဲ့ 50x Hybrid Zoom ထောက်ပံ့ထားပါတယ်။ နောက် ကင်မရာ ၃ လုံးက 48MP Main , 8MP Ultrawide နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ 4K 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး Software အကူအညီနဲ့ 720p 960fps Slow-mo ဗီဒီယိုတွေ ဖမ်းယူပေးနိုင်ပါတယ်။ အရွယ်သေး Notch မှာ 16MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

22.5W Fast Charging ပါတဲ့ 4,160mAh ဘက်ထရီ ပါလာပြီး Xiaomi က Mi 10 Youth 5G မတိုင်ခင် MIUI 12 ကို ကြေညာခဲ့ပေမယ့် ဖြန့်ချိမယ့် အချိန်ကို မပြောခဲ့ပါဘူး။ Mi 10 Youth မှာ MIUI 11 ပဲ ပါလာမှာပါ။ RAM/Storage ၄ မျိုးထုတ်လုပ်ထားပြီး အပြာ၊ အဖြူ၊ အနက်၊ အစိမ်းနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/64GB ကို ၂,၀၉၉ ယွမ်နဲ့ 8/256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၂ သောင်းနဲ့ ၅ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၄ ရက်နေ့မှာ ပထမဆုံး Flash Sale ရောင်းပေးမှာပါ။

Ref : gsmarena