Xiaomi ကြေညာလိုက်တဲ့ Mi 10T Series ထဲမှာ ဈေးအချိုဆုံးက Mi 10T Lite ဖြစ်ပါတယ်။ ဈေးအသက်သာဆုံးဆိုပေမယ့် စွမ်းရည်မြင့် Mi 10T နဲ့ Mi 10T Pro ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် တချို့ ထည့်သွင်းထားပါတယ်။ Mi 10T Lite မှာ ၆.၆၇ လက်မ FHD+ LCD မျက်နှာပြင် ပါလာပြီး Refresh Rate က အမြင့်ဆုံး အနေနဲ့ 120Hz ၊ အနိမ့်ဆုံး အနေနဲ့ 30Hz အထိ ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်ဟာ HDR10 စံနှုန်း ပါလာပြီး 20:9 Aspect Ratio သုံးထားတဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းက ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် မိုက်ပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံး ပါပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Mi 10T Lite ဟာ Snapdragon 750G Chipset ပါတဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပြီး 5G ဆက်သွယ်မှု ပါပါတယ်။ စွမ်းရည်မြင့် Mi 10T နဲ့ Mi 10T Pro တို့မှာလို 33W Fast Charging ပါလာပြီး ဘက်ထရီက 4,820mAh ဖြစ်ပါတယ်။ စွမ်းရည်မြင့် မော်ဒယ်တွေမှာ မပါတဲ့ နားကြပ်ပေါက် တပ်ဆင်ထားတာက ထူးခြားချက်ပါ။

Mi 10T Lite ရဲ့ 6/64GB ကို ၂၈၀ ယူရိုနဲ့ 6/128GB ကို ၃၃၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၃ သောင်းနဲ့ ၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ Amazon နဲ့ Mi.com တို့က‌နေ ရောင်းမှာပါ။

Ref : gsmarena