Xiaomi ဟာ အိန္ဒိယ အပါအဝင် နိုင်ငံတကာအတွက် Mi 10T နဲ့ Mi 10T Pro တို့ကို ကြေညာဖို့ စိုင်းပြင်နေတယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က သတင်းထွက်လာပါတယ်။ Mi 10T Series ရဲ့ ဓါတ်ပုံနဲ့ Specs တွေလည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ နာမည်ကျော် Tipster Ishan Agarwal က Mi 10T Pro ကို အိန္ဒိယမှာ ၃၅,၀၀၀ ရူပီးလောက်နဲ့ ရောင်းနိုင်တယ်လို့ သတင်းပေးလိုက်ပြီး မြန်မာငွေ ၆ သိန်း ၃ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Mi 10T Pro မှာ 108MP Main ကင်မရာ နဲ့ Snapdragon 865 ထည့်ထားမှာ ဖြစ်ပြီး အရမ်းလန်းတဲ့ Refresh Rate ထောက်ပံ့ထားမယ်လို့ သူက ပြောပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ အဲဒီဖုန်းမှာ OLED မျက်နှာပြင်၊ 144Hz Refresh Rate နဲ့ 108MP အပါအဝင် အနောက်ကင်မရာ ၃ လုံး ပါလာမယ်လို့ သိရပါတယ်။ Rapid Charging ထောက်ပံ့ထားနိုင်တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

Mi 10T Pro ရဲ့ ပေါက်ကြား နေတဲ့ ဓါတ်ပုံမှာ Punch Hole မျက်နှာပြင်နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ့ရပါတယ်။ အနောက်ဘက် ကင်မရာဒီဇိုင်းဟာ Vivo X50 နဲ ဆင်တူပြီး လေးထောင့်ပုံ ကင်မရာ အကွက် ပါပါတယ်။ အရွယ်ကြီး ပင်မ ကင်မရာအောက်မှာ အပို ကင်မရာ ၂ လုံးကို အလျားလိုက် တပ်ဆင်ထားပါတယ်။

Mi 10T Pro မှာ 108MP အပါအဝင် ကင်မရာ ၃ လုံးနဲ့ Mi 10T မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။ Xiaomi က Mi 10T Series တွေအကြောင်းကို ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါတယ်။

Ref : gizmochina