Mi 10T Pro ရဲ့ Render ဓာတ်ပုံတွေ ထွက်လာပြီးတဲ့နောက်မှာတော့ စပိန်နိုင်ငံရဲ့ Amazon ကနေ Mi 10T Pro ကို ရောင်းချမယ့်စျေး ပေါက်ကြားလာခဲ့ပါတယ်။ ဖုန်းအကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို ဖျက်ချလိုက်ပြီ ဖြစ်ပေမယ့် မျက်စိလျင်တဲ့ ဘလော့ဂါ တစ်ယောက်က Screenshot ယူထားလိုက်တယ်လို့ သိရပါတယ်။

Mi 10T Pro ကို စပိန်နိုင်ငံမှာ ယူရို ၅၄၇ (မြန်မာငွေ ၈သိန်း ခြောက်သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သတင်းပေါက်ကြားသွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီစာမျက်နှာမှာ Mi 10T Pro ရဲ့ စျေးနှုန်းအပြင် ဖုန်းရဲ့ အဓိက အချက်အလက်စာရင်း ကိုပါ အတည်ပြုလိုက်တာပါ။

စာရင်းထဲက ဖော်ပြချက်အရ တရုတ်နိုင်ငံပြင်ပအတွက် ထုတ်လုပ်ထားတဲ့ Mi 10T Pro မော်ဒယ်တွေက Qualcomm Snapdragon 865 ချစ်ပ်ဆက် အသုံးပြုထားတာ ဖြစ်ပြီး RAM 8GB ၊ Storage 256 GB နဲ့ မိတ်ဆက် ရောင်းချသွားမှာပါ။ ရွေးချယ်စရာအနေနဲ့ 6GB + 128GB ဗားရှင်းနဲ့လည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ အဓိက ကင်မရာကတော့ 64 MP ဖြစ်ပါတယ်။

တခြားတဖက်မှာတော့ Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုထားတဲ့ Mi 10T Pro ဗားရှင်း ကိုလည်း အဓိက ကင်မရာ 108 MP အထိ upgrade မြင့်လို့ရမယ်လို့ သိရပါတယ်။ Mi 10T Pro မော်ဒယ်ကိုတော့ 8GB+128 GB ဗားရှင်းအတွက် ယူရို ၆၄၀ (မြန်မာငွေ ၁၀ သိန်း တစ်သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး 256 GB ဗားရှင်းကိုတော့ ယူရို ၆၆၅ – ၆၇၅ (မြန်မာငွေ ၁၀ သိန်း ၄ သောင်း – ၁၀ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

Mi 10T Pro ကို AMOLED မျက်နှာပြင်နဲ့ ထုတ်လုပ်ပြီး Refresh Rate 144 Hz အထိ အထောက်အပံ့ပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။ ဘက္ထရီကတော့ 5000 mAh အထိပါဝင်မယ်လို့ ခန့်မှန်းနေကြတာပါ။

Ref – Gizmochina