Xiaomi ကနေ လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာ Mi 10 Ultra စမတ်ဖုန်းကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုလည်း Global စျေးကွက်အတွက် Mi 10T Pro စမတ်ဖုန်းကိုပါ ထပ်မံမိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

အခုအချိန်မှာတော့ Xiaomi Mi 10T Pro ရဲ့ Render ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီး ဖုန်းရဲ့ Design ကို အသေးစိတ်မြင်တွေ့ခဲ့ရပါတယ်။ Mi 10T Pro စမတ်ဖုန်းဟာ Display အနေနဲ့ Curved OLED Display အစား LCD Display ကိုပဲ Single Punch-hole Selfie Camera နဲ့ ထွက်ရှိလာဖွယ်ရှိနေပါတယ်။ အဲ့ဒီအတွက် Fingerprint Sensor ကိုလည်း Under Display အစား Side-mounted အနေနဲ့ ပြောင်းလဲထားမှာပါ။

ဒီလိုမျိုး LCD Display ဖြစ်နေပေမယ့်လည်း Refresh Rate အနေနဲ့ 144Hz အထိ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် Gaming ဖုန်းတစ်လုံးလို့တောင် ပြောနိုင်မှာပါ။ RAM အနေနဲ့က အတိအကျမသိရှိရသေးပေမယ့် အနည်းဆုံး 8GB ပါဝင်လာဖွယ်ရှိနေပါတယ်။

Camera အနေနဲ့ကတော့ 108MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ပုံမှန် Mi 10T ဖုန်းမှာတော့ 64MP Primary Sensor ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ Mi 10T Pro ရဲ့ ကျန်တဲ့ Sensor တွေကတော့ ဖြစ်နိုင်ခြေများတာက Ultrawide နဲ့ Telephoto Sensor တွေဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mi 10T Pro စမတ်ဖုန်းဟာ Mi 10 Ultra လောက်တေ့ာ Feature ပိုင်းစုံလင်မှာမဟုတ်ပေမယ့် 120W Fast Charging စနစ်ပါဝင်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena