Xiaomi ကနေ Global စျေးကွက်အတွက် Mi 10T Series ဖုန်းတွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ အခုအချိန်မှာတေ့ာ အဆိုပါ Mi 10T Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို Xiaomi က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Xiaomi ရဲ့ Twitter စာမျက်နှာကနေ တရားဝင်ပြောကြားချက်အရတော့ Mi 10T Series ဖုန်းတွေဟာ လာမယ့်စက်တင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Event ဟာ အချိန်အနေနဲ့ 14:00 GMT +2 ဖြစ်တဲ့အတွက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ စတင်မှာဖြစ်ပါတယ်။ Event ဟာ Online Launch ဖြစ်တဲ့အတွက် Official Website ၊ YouTube ၊ Facebook နဲ့ Twitter စာမျက်နှာတွေကနေ တိုက်ရိုက်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Mi 10T Series ဖုန်းတွေဟာ လက်ရှိသိထားသလောက် Mi 10T Lite ၊ Mi 10T နဲ့ Mi 10T Pro ဆိုပြီး ၃ မျိုး မိတ်ဆက်လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Mi 10T နဲ့ Mi 10T Pro ဖုန်းတွေဟာ Qualcomm Snapdragon 865 ၊ 8GB RAM ၊ 256GB Storage အပြင် Punch-hole Selfie Camera ပါဝင်တဲ့ High Refresh Rate Display တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Mi 10T Pro မှာပဲ 108MP Primary Sensor ပါဝင်မှာဖြစ်ပြီး Mi 10T မှာတော့ 64MP Sensor ကိုပဲ အသုံးပြုထားမှာပါ။

Xiaomi ဟာ €300 အောက် 5G ဖုန်းကိုမိတ်ဆက်မယ်ဆိုပြီး ပြောကြားခဲ့ဖူးတဲ့အတွက် Mi 10T Lite ဟာလက်ရှိအချိန်မှာ စျေးအသက်သာဆုံး 5G စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအတွက် Performance ပိုင်းအနေနဲ့ကတော့ Snapdragon 690 Chipset ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။

Xiaomi Mi 10T Pro ဟာ စျေးနှုန်းအနေနဲ့ €699 (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပြီးတော့ တရုတ်နိုင်ငံမှာလည်း Redmi Series အနေနဲ့ နာမည်ပြောင်းပြီး မိတ်ဆက်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Redmi အနေနဲ့ မိတ်ဆက်တဲ့အချိန်ကြရင်တော့ စျေးပိုသက်သာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China