Xiaomi ရဲ့ Mi 11 ဟာ Qualcomm ရဲ့ Snapdragon 875 Chipset ကို အစောဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။ Qualcomm ကနေ လာမယ့် ဒီဇင်ဘာလအစပိုင်းမှာ Snapdragon 875 Chipset ကို တရားဝင်မိတ်ဆက်တော့မှာဖြစ်သလို Xiaomi Mi 11 နဲ့ ပတ်သက်တဲ့သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပါပြီ။

ဒါကတော့ Xiaomi Mi 11 စမတ်ဖုန်းဟာ Xiaomi ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးအနေနဲ့ ဘေးဘောင် ၄ ဖက်စလုံးကို Curved ပြုလုပ်ထားတဲ့ Display ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကလည်း Under Display Selfie Camera အစား Display ရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာပဲ Punch-hole အနေနဲ့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ Mi 10 ၊ Mi 10 Pro နဲ့ Mi 10 Ultra လိုမျိုး စမတ်ဖုန်းတွေအားလုံးမှာ Curved Display ကို အသုံးပြုထားပေမယ့် ဘေးဘောင် ၂ ဖက်ကိုပဲ Curved ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး ၄ ဖက်စလုံး Curved ပြုလုပ်လာမယ်ဆိုတာက လက်ရှိ Huawei Flagship ဖုန်းတွေနဲ့ပိုပြီး ဆင်တူနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ၄ ဖက်စလုံးကို Curved ပြုလုပ်လာမယ့်အတွက် Xiaomi Mi 11 ဖုန်းက တော်တော်လေးကို Design ပိုင်းမှာ လှပတဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Camera ပိုင်းမှာ 108MP Primary Sensor အပြင် 48MP Ultrawide Sensor ကို အဆင့်မြှင့်တင်လာမှာပဲဖြစ်ပါတယ်။

Ref- Gizmo China