Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်းက Qualcomm Snapdragon 888 Chipset ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ Mi 11 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံတွင်းမှာပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်ပေးခဲ့ခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Xiaomi ကနေ Mi 11 ဖုန်းကို Global စျေးကွက်အတွက် မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ Xiaomi ရဲ့ကြေညာချက်အရ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ Mi 11 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ Mi 11 ဖုန်းအပြင် တခြားသော Product တွေကိုပါ မိတ်ဆက်လာမလားဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Mi 11 Pro သို့မဟုတ် Mi 11 Lite စမတ်ဖုန်းကိုပါ တပါတည်းမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ Mi 11 Lite ဖုန်းဟာ Snapdragon 750G  Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Design ပိုင်းအနေနဲ့ POCO X3 NFC နဲ့ ဒီဇိုင်းဆင်တူဖွယ်ရှိပါတယ်။

Xiaomi ဟာ Global စျေးကွက်အတွက် Mi 11 စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်သလို တရုတ်နိုင်ငံစျေးကွက်မှာလည်း Redmi K40 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Global စျေးကွက်အတွက် ထွက်ရှိလာမယ့် Mi 11 စမတ်ဖုန်းဟာ တရုတ်နိုင်ငံတွင်းမှာ ရောင်းချနေတာထက် အနည်းငယ်ပိုများနိုင်ပါတယ်။

Ref – Gizmo China