Xiaomi ဟာ Mi 11 ၁ လုံးထဲကိုပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပေမယ့် Pro မော်ဒယ်ကို ချပြဖို့ကျန်နေပါသေးတယ်။ အခုတော့ Mi 11 Pro ရဲ့ ပိုစတာ ပေါက်ကြားလာပြီး Periscope Lens ပါလာတာမြင်ရပါတယ်။ ကင်မရာ ဘေးမှာ 120x စာသားကို ပြသထားတာက Digital Zoom အပါအဝင် အမြင့်ဆုံး Zoom ပမာဏကို ဖော်ပြထားတာပါ။ Optical Zoom ဟာ 10x ဖြစ်နိုင်ပါတယ်။ တခြား ကင်မရာ ၃ လုံးဟာ Mid-range Zoom ဖြစ်နိုင်ပြီး ၁ လုံးက ရိုးရိုး Mi 11 မှာ ပါတဲ့ 108MP ကင်မရာ ဖြစ်နိုင်ပါတယ်။

(Alleged) Xiaomi Mi 11 Pro poster

ဒီဇိုင်းက ဒီလ အစောပိုင်းမှာ တွေ့ခဲ့ရတဲ့ ဓါတ်ပုံတွေနဲ့ တော်တော် တူညီပါတယ်။ မျက်နှာပြင်က ရိုးရိုး မော်ဒယ်မှာလို ၆.၈၁ လက်မ AMOLED 1440p+ Resolution ဖြစ်နိုင်ပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate တွေ ထောက်ပံ့ထားနိုင်ပါတယ်။ Snapdragon 888 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Xiaomi Mi 11 Pro render by Ben Geskin

Mi 11 Pro မှာ Mi 10 Ultra မှာလို 120W Wired Charging နဲ့ 80W Wireless Charging တွေ ထည့်သွင်းထားနိုင်ပြီး နောက်လ ကြေညာနိုင်ပါတယ်။ Ben Geskin က Mi 11 Pro ရဲ့ ဓါတ်ပုံကို အရင်က မျှဝေထားဖူးပြီး အထက်မှာ လေ့လာနိုင်ပါတယ်။ သူဟာ Mi 11 မထွက်ခင် ရက်သတ္တပတ် အနည်းငယ် အလိုကလည်း Mi 11 ရဲ့ ဓါတ်ပုံကို တိကျစွာ ချပြခဲ့ဖူးပါတယ်။

Mi 11 Extreme Edition ကိုလည်း ကြေညာနိုင်ပြီး Mi 10 Ultra ရဲ့ မျိုးဆက် ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ Mi 11 Lite လည်း ထွက်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena