အရင်သတင်းတွေအရ Xiaomi Mi 11 Pro မှာ 4,700mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဆိုကြပါတယ်။ အခုတော့ နမူနာ မော်ဒယ် ၁ လုံးကို စမ်းသပ်ခွင့်ရထားတဲ့ အတွင်းသတင်း ၁ ခုအရ Mi 11 Pro မှာ 5,000mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။

Xiaomi Mi 11 Pro poster leaks, showing a beefier camera with 10x periscope - GSMArena.com news

တရုတ်က နာမည်ကျော် Tipster ၁ ယောက်က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး သူက Ultra-fast Charging ထောက်ပံ့ဖို့အတွက် ဘက်ထရီ ၂ ခု ပူးတွဲထားတဲ့ ဒီဇိုင်းကို အသုံးပြုထားမယ်လို့ သတင်းပေးလိုက်ပါတယ်။ သူက ပေါက်ကြားလာတဲ့ သတင်းအရင်းအမြစ်ကို မပြောပေမယ့် Mi 10 Pro နမူနာမော်ဒယ် မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတယ်ဆိုတာကို အခိုင်အမာ ပြောပါတယ်။ အရင်နှစ်ထုတ် Mi 10 Ultra ထက် ဘက်ထရီ ပိုမိုက်လာမှာ ဖြစ်ပါတယ်။

Promotional poster reveals the camera of the Xiaomi Mi 11 Pro | TechBriefly

အရင်သတင်းတွေအရ Xiaomi Mi 11 Pro မှာ အရမ်းမြန်တဲ့ 120W Wired Charging ထည့်သွင်းထားမှာ ဖြစ်ပြီး ဒီနည်းပညာကို Mi 10 Ultra မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 80W Wireless Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး ဒီ နည်းပညာသာ Mi 11 Pro မှာ တကယ်ပါလာမယ်ဆိုရင် ကမ္ဘာမှာ အမြန်ဆုံး Wireless Charging ဖြစ်လာနိုင်ပါတယ်။ 80W Wireless Charging က 4,000mAh ဘက်ထရီကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးဖို့ ၁၈ မိနစ်ပဲ ကြာတယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi က Mi 11 Pro ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဖေဖော်ဝါရီလထဲ ဖြစ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena