Qualcomm ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက လာမယ့်နှစ် Android Flagship ဖုန်းတွေမှာ အသုံးပြုလာမယ့် Snapdragon 888 Chipset ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကလည်း Xiaomi Mi 11 ဟာ တကမ္ဘာလုံးမှာ ပထမဆုံးအနေနဲ့ Qualcomm Snapdragon 888 Chipset ကို အသုံးပြုပြီး မိတ်ဆက်လာမယ့်ဖုန်းဖြစ်လာမယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ Mi 11 စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ့်အချိန်က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Xiaomi Mi Watch Lite Smartwatch မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ဖူးတဲ့ Leakster ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ Leakster ရဲ့ ပြောကြားချက်အရတော့ Xiaomi Mi 11 ဟာ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ Event မှာ Mi 11 အပြင် ဘယ် Device တွေပါ မိတ်ဆက်မလဲဆိုတာနဲ့ Global Launch Event အချိန်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Xiaomi Mi 11 စမတ်ဖုန်းဟာ Curved OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး Single Punch-hole Selfie Camera လည်း ပါဝင်မှာဖြစ်ပါတယ်။ Refresh rate အနေနဲ့ 120Hz အထိကို Support ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Camera နေနဲ့ကတော့ 108MP Primary Sensor အပြင် 13MP Ultrawide နဲ့ 5MP Macro Sensor တွေပါဝင်မယ်လို့ သိရပါတယ်။ တချို့ကလည်း Mi 11 ဖုန်းမှာ 50MP Primary Sensor ကိုပဲ အသုံးပြုလာမယ်ဆိုပြီး ပြောကြားနေကြတာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4780mAh ကိုမှ 55W Fast Charging Support ပြုလုပ်လာမှာပါ။ Android 11 ကို အခြေခံထားတဲ့ MIUI 12.5 နဲ့ ထွက်ရှိလာမှာလည်းဖြစ်ပါတယ်။

Ref – Gizmo China