Xiaomi က ဒီလ ၂၈ ရက်နေ့မှာ Mi 11 Series ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Xiaomi က လူတွေ စိတ်ဝင်စားမှုမြင့်တက်အောင် Mi 11 Series ရဲ့ ဗီဒီယို Night Mode ကို ထုတ်ကြွားလိုက်ပါတယ်။ Xiaomi က တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ဒီသတင်းပေးလိုက်တာ ဖြစ်ပါတယ်။

Xiaomi ရဲ့ ပို့စ်က ဗီဒီယိုကို အမှောင်ထဲမှာ ရိုက်ကူးထားတာ ဖြစ်ပြီး Merry Christmas Music Box ကို ဖွင့်ပြထားပါတယ်။ အဲဒီ ဗီဒီယိုကို  Mi 11 နဲ့ ရိုက်ကူးထားတာလို့ ထင်ရပြီး ဖုန်းရဲ့ Low Light ဗီဒီယို ရိုက်ကူးမှု စွမ်းရည်ကို ပြသထားပါတယ်။ အဲဒီဖုန်းမှာ Special Night ဗီဒီယို Mode ပါလာမှာ သေချာပြီး ကွန်ပြူတာ အခြေပြု Photography ရဲ့ အကျိုးကျေးဇူးတွေကို မြင်ရပါတယ်။

Xiaomi Mi 11 with Android 11, Snapdragon 888 spotted on GeekBench - Gizmochina

ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ Low Light ဗီဒီယို Mode တွေ ထည့်သွင်းထားကြပြီး Xiaomi Mi 11 ရဲ့ Night ဗီဒီယို Mode က ဘယ်လို သာလွန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အခု ဗီဒီယိုကို ဝီဘိုက Compress လုပ်ထားတဲ့အတွက် တကယ့် အရည်အသွေးက ဒီထက် ကောင်းနိုင်ပါတယ်။

Ref : gsmarena