Xiaomi ဟာ ယခုရက်သတ္တပတ်အတွင်းမှာ Mi 10 Pro စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချနေမှုကို တရားဝင်ရပ်ဆိုင်းလိုက်သလို Mi 10 စမတ်ဖုန်းကလည်း စျေးကွက်အတွင်းမှာ Stock ပြတ်လပ်နေပြီဖြစ်ပါတယ်။ ဒါက တနည်းအားဖြင့် Mi 11 စမတ်ဖုန်းကို ထုတ်လုပ်ဖို့ပြင်ဆင်နေပြီဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Mi 11 စမတ်ဖုန်းမှာပါဝင်လာမယ့် Feature အသစ်တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။ ဒါကတော့ Camera ပိုင်းနဲ့ သက်ဆိုင်တာဖြစ်ပြီး Mi 11 မှာ Stabilization ပိုကောင်းလာမယ့် 48MP Ultrawide Camera ပါဝင်လာမယ်လို့ သိရပါတယ်။ ယခုသတင်းကိုတေ့ာ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Xiaomi Mi 11 စမတ်ဖုန်းဟာ Qualcomm Snapdragon 875 Chipset ကို အစောဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး Ultrawide Camera Sensor အသစ်ဟာ 48MP Sensor ကိုမှ Pixel Size 0.8μm ရှိမှာဖြစ်ပြီး Stabilization ပိုကောင်းလာတာက OIS ပါဝင်လာတာကြောင့် ဖြစ်နိုင်ပြီး Software ပိုင်း Feature အသစ်လားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Xiaomi ဟာ Mi 11 နဲ့ Mi 11 Pro ဆိုပြီး ၂ မျိုးမိတ်ဆက်မှာတော့ သေချာသလောက်ဖြစ်နေပြီးတော့ ကျန်တဲ့ Mi 11 Lite နဲ့ Mi 11 Ultra စမတ်ဖုန်းတွေပါ မိတ်ဆက်လာဖို့ကတော့ မသေချာသေးပါဘူး။ Primary Camera အနေနဲ့ကတော့ 108MP Sensor အသစ်ကို သုံးစွဲလာပြီး ကျန်တဲ့ Display ပိုင်း၊ Battery ပိုင်းမှာလည်း တိုးတက်မှုတွေရှိလာနိုင်ပါတယ်။

Ref – Gizmo China