Xiaomi ကနေ အခုအချိန်မှာထွက်ရှိထားတဲ့ စမတ်ဖုန်းတွေအတွက် MIUI 12 Update ကိုဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Flagship ဖုန်းဖြစ်တဲ့ Mi 8 စမတ်ဖုန်းအတွက် MIUI 12 Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ MIUI 12 Stable Update ကို ရရှိလာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ China Region အတွက်ပဲ ထွက်ရှိသေးတာဖြစ်တဲ့အတွက် Global Version အသုံးပြုနေတယ်ဆိုရင်တော့ ဆက်လက်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

အဆိုပါ Mi 8 အတွက် MIUI 12 Stable Update ဟာ Build Number အနေနဲ့ V12.0.1.0.QEACNXM ဆိုပြီး ထွက်ရှိလာတာဖြစ်ပြီး Download ပြုလုပ်ရမယ့် File Size အနေနဲ့ 763MB ရှိမယ်လို့ သိရပါတယ်။ ယခု MIUI 12 Update နဲ့အတူ Super Wallpapers ၊ AOD+ ၊ Dark Mode 2.0 အပါအဝင် တခြားသော Feature အသစ်တွေကိုပါ ရရှိလာမှာဖြစ်ပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ စတင်မိတ်ဆက်တဲ့အချိန်တုန်းက Android 8 Oreo ကို အခြေခံထားတဲ့ MIUI 9 နဲ့ထွက်ရှိခဲ့တာဖြစ်ပြီး အခု MIUI 12 Update ဟာ တတိယအကြိမ်မြောက် UI Update ဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့် MIUI 13 Update ဟာ နောက်ဆုံးအကြိမ်ရရှိမယ့် Update ဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – Gizmo China