Xiaomi ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအတော်တော်များများအတွက် MIUI 12 Update ကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း Mi 9 SE စမတ်ဖုန်းအတွက် MIUI 12 Update ကို China Region စမတ်ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Mi 9 SE ဖုန်းအတွက် MIUI 12 Update ဟာ MIUI Version Number အနေနဲ့ “V12.0.2.0.QFBCNXM” လို့ ခေါ်ဆိုထားပြီးတော့ File Size အနေနဲ့ 833MB ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ ယခုသတင်းကို ITHome ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Bugs Fix တွေအများအပြားပါဝင်တယ်ဆိုပေမယ့် တချို့သောနေရာတွေမှာတော့ Bugs အချို့ ရှိနေတုန်းပဲလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် MIUI 12 Update ဖြစ်တဲ့အတွက် User Interface ပိုင်းမှာ သိသိသာသာပြောင်းလဲသွားမှာဖြစ်ပြီး Animation Engine အသစ်လည်းပါဝင်လာမှာဖြစ်ပါတယ်။ Notification နဲ့ Control Center အသစ်လည်း ပါဝင်လာမယ့်အပြင် Settings UI ကလည်း ပိုပြီးရှင်းလင်းသွားမယ်လို့ သိရပါတယ်။ ကျန်တဲ့ Permission Settings တွေ၊ Wallpaper အသစ်တွေလည်း ပါဝင်လာမှာပါ။

Xiaomi Mi 9 SE စမတ်ဖုန်းဟာ 5.97″ Full HD+ AMOLED Display ပါဝင်ပြီးတော့ 20MP Selfie Camera ကို Waterdrop Notch Design နဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ Snapdragon 712 Chipset ကိုမှ RAM 6GB ပါဝင်မှာဖြစ်ပြီး Storage ကတော့ 64GB သို့မဟုတ် 128GB ပါဝင်မှာဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 48MP Primary + 8MP Ultrawide + 13MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 3070mAh Battery ပါဝင်ပြီးတော့ 18W Fast Charging ကို Support ပြုလုပ်မှာပါ။

ဘာပဲဖြစ်ဖြစ် ယခုနှစ်မှာ Xiaomi ကနေ Mi 10 SE ဆိုပြီး Mid Range ဖုန်းအသစ်ကို မိတ်ဆက်ခြင်းမရှိခဲ့ပေမယ့် Mi 9 SE အသုံးပြုသူတွေအတွက်ကတော့ ယခုသတင်းက ဝမ်းသာစရာပါ။

Ref – Gizmo China