Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Redmi K20 ဖုန်းအတွက် MIUI 11 Stable Update ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ MIUI 11 Update ဟာ Android 10 OS ကို အခြေခံထားတာဖြစ်ပေမယ့်လည်း Chinese Region သုံး ဖုန်းတွေအတွက်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Redmi K20 ကို နိုင်ငံတကာဈေးကွက်မှာ Xiaomi Mi 9T အမည်နဲ့ ရောင်းချနေတဲ့ ဖုန်းတွေက Update ရရှိခဲ့ခြင်းမရှိပါဘူးး။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Xiaomi နေ အဆိုပါဖုန်းတွေအတွက်ပါ Android 10-based MIUI 11 Stable Update ကို OTA အနေနဲ့ ထုတ်ပေးနေပြီဖြစ်ပါတယ်။

အခု MIUI 11 Stable Update ရဲ့ European Version က Version Number MIUI V11.0.1.0.QFJEUXM အနေနဲ့ ရရှိလာတာဖြစ်ပြီးတော့ Android 10 ရဲ့ Privacy and Location Controls ၊ System-wide Dark Mode လို Feature တွေအပြင် December Android Security Patch ပါ ပါဝင်မှာဖြစ်ပါတယ်။

အခု Mi 9T ဖုန်းတွေနဲ့ International Version Redmi K20 ဖုန်းတွေအတွက် MIUI 11 Update ရဲ့ Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

Ref – GSM Arena

Zawgyi





Ref – GSM Arena