Xiaomi ရဲ့ Mi Band Fitness Tracker တွေဟာ လက်ရှိအချိန်မှာ လူကြိုက်အများဆုံး Fitness Tracker Band တွေဖြစ်နေတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ Xiaomi ကနေ တရုတ်နိုင်ငံအတွင်းမှာ နောက်ဆုံးအနေနဲ့ Mi Band 5 ကို မိတ်ဆက်ခဲ့ပြီးဖြစ်သလို Global စျေးကွက်ကိုလည်း လာမယ့်ဇူလိုင်လ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒီလိုမျိုး Mi Band 5 အသစ်ကို Global Version အနေနဲ့ မိတ်မဆက်ခင်မှာ Xiaomi ကနေ Mi Band 4 က တကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံး Wearable Band အနေနဲ့ နေရာယူနိုင်ခဲ့တယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒါကိုတော့ Xiaomi ရဲ့ Twitter Account ကနေတစ်ဆင့်ဖော်ပြသွားခဲ့တာပါ။ အဆိုပါ ရောင်းအားရလဒ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်ကနေ ၂၀၂၀ ပထမ ၃ လပတ်အတွင်းမှာ Canalys ကနေရယူထားတဲ့ Report ကိုအခြေခံထားတယ်လို့ သိရပါတယ်။

Xiaomi ဟာ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Band 2 ထဲကအောင်မြင်လာတာဖြစ်ပြီး အလုံးရေ ၁ သန်းရောင်းချရဖို့ ၂ လပဲအချိန်လိုအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းပိုင်းမှာတော့ Mi Band 3 အလုံးရေ ၁ သန်းရောင်းချရဖို့ ၁၇ ရက်နဲ့ Mi Band 4 ကို အလုံးရေ ၁ သန်းရောင်းချဖို့အတွက် ၈ ရက်ပဲအချိန်လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ Mi Band 4 ကို စုစုပေါင်းဘယ်လောက်အထိ ရောင်းချခဲ့ရတယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ Xiaomi ကနေ ၂၀၁၄ ကနေ ၂၀၁၉ ခုနှစ်အတွက် Smart Wearable Band ပေါင်း သန်း ၁၀၀ ကျော်ရောင်းချခဲ့ရတဲ့အတွက် အောင်ပွဲခံခဲ့ပါသေးတယ်။

Ref – Gizmo China