Xiaomi ကနေ ထုတ်လုပ်တဲ့ Fitness Band ဖြစ်တဲ့ Mi Band Series ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Fitness Band Series လို့တောင် ပြောနိုင်ပါတယ်။ Xiaomi အနေနဲ့ Mi Band 5 ကို မိတ်ဆက်ထားခဲ့ပြီးတော့ ယခင် Mi Band Series တွေလိုမျိုးပဲ အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ ပထမဆုံးအနေနဲ့ အဆိုပါ Mi Band 5 တစ်လုံးဟာ အားသွင်းနေတုန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယခုသတင်းကို Reddit Forum မှာ ဖော်ပြခဲ့တာဖြစ်ပြီး “Michele Costa” နာမည်နဲ့ အသုံးပြုသူတစ်ဦးက စားပွဲပေါ်မှာ အားသွင်းနေတုန်း မီးလောင်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူရဲ့ ပြောကြားချက်အရ မီးလောင်မှုကို ရပ်တန့်ဖို့အတွက် Mi Band 5 ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ခြေထောက်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဓါတ်ပုံတွေအရ မီးလောင်မှုကြောင့်မဟုတ်တဲ့ ပျက်စီးမှုတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အသုံးပြုသူကတော့ Mi Band 5 ကို အားသွင်းတဲ့အချိန်မှာလည်း Original Charging Cable အပြင် Xiaomi ရဲ့ 5W Charger ဖြစ်တဲ့ 5V/1A Charger ကိုပဲ အသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။ Mi Band 5 ဟာ Xiaomi အတွက် ပထမဆုံးအနေနဲ့ Magnetic Charging စနစ်ကို အသုံးပြုထားတဲ့ Mi Band Series လည်းဖြစ်တဲ့အတွက် အဲ့ဒီ Magnetic Charging စနစ်ကြောင့်အခုလိုမျိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလားဆိုတာကတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဖြစ်ပွားခဲ့တဲ့ Mi Band 5 ကို Xiaomi ဆီကို ပြန်လည်ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပြီးတော့ Xiaomi ဘက်ကတော့ ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာနဲ့ ဘယ်လိုမျိုး ပြန်လည်ဖြေရှင်းမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref – Gizmo China