သတင်းများစွာ ပေါက်ကြားနေတဲ့ Xiaomi Mi Band 7 Pro ကို တရားဝင် ကြေညာလိုက်ပါတယ်။ ၁.၆၄ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Mi Band 7 ထက် အရွယ်အစား ပိုကြီးပါတယ်။ ၁.၄၇ လက်မ မျက်နှာပြင် ပါတဲ့ Redmi Smart Band 7 Pro ထက်လည်း ပိုကြီးပါတယ်။

Xiaomi Mi Band 7 Pro comes with larger display, Xiaomi Book Pro with 12th gen Intel processors

AMOLED မျက်နှာပြင် ဖြစ်ပြီး 326ppi ရှိပါတယ်။ မျက်နှာပြင်ပိုကြီးတဲ့အတွက် ကျန်းမာရေး ဒေတာတွေနဲ့ Notification တွေကို ပိုမို ပြသပေးနိုင်ပါတယ်။ 280x456px Resolution ရှိပြီး GPS ပါပါတယ်။ ရိုးရိုး မော်ဒယ်ထက် ပိုကောင်းလာတာက Brightness ကို အလိုလို ချိန်ညှိပေးနိုင်တဲ့ Ambient Light Sensor ပါလာတာပါ။ Always On Display Mode ထောက်ပံ့ထားပြီး Watch Face ပေါင်း ၁၈၀ ‌ကျော် ပါလာပါတယ်။

The Xiaomi Mi Band 7 Pro has a built-in GPS receiver

လက်ပတ်ကြိုးများစွာ ထုတ်လုပ်ပေးထားပြီး လက်ပတ်ကြိုး တစ်ခုကို ၃၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၁ သောင်းဝန်းကျင် ကျသင့်မှာပါ။ နှလုံခုန်နှုန်းနဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏကို အချိန်ပြည့် တိုင်းတာပေးနိုင်ပြီး လေ့ကျင့်ခန်း Mode ပေါင်း ၁၁၇ ခု ပါပါတယ်။

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး 235mAh ဘက်ထရီက သာမာန်သုံးရင် ၁၂ ရက်ကြာ အသုံးခံပါတယ်။ အလွန်အကျွံအသုံးပြုရင် ၆ ရက်လောက် အသုံးခံပြီး အားသွင်းချိန်က ၁ နာရီလောက်ကြာပါတယ်။ Xiaomi Mi Band 7 Pro ကို တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ၃၈၀ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၁ သိန်းဝန်းကျင်ကျသင့်မှာပါ။

Ref : gsmarena