Xiaomi ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက ပိုမိုကြီးမားတဲ့ Display နဲ့ Viewing Area ကို ၂၅ ရာခိုင်နှုန်းပိုကြီးထားတဲ့ Mi Band 7 ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi Band 7 မှာ အဓိက ထူးခြားချက်အနေနဲ့ Always-on Mode ပါ ပါဝင်လာပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Mi Band 7 ဟာ အစောပိုင်းတုန်းက သတင်းတွေထွက်ပေါ်ခဲ့သလိုမျိုး GPS Feature တွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ တခြားသော Xiaomi ကနေပဲ ထုတ်လုပ်ထားတဲ့ Redmi Smart Band Pro မှာတော့ AOD Display အပြင် GPS လည်းပါဝင်နေပြီးဖြစ်ပါတယ်။

ဒါကြောင့် Xiaomi ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Band 7 ထက် ပိုကောင်းတဲ့ Mi Band 7 Pro ကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုတဲ့သတင်းက ထွက်ပေါ်လာပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရ Xiaomi ဟာ Mi Band 7 Pro ကို Xiaomi 12 Ultra ဖုန်းနဲ့အတူ မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Xiaomi ကနေ လာမယ့် ဇူလိုင်လဝန်းကျင်မှာ Xiaomi 12 Ultra အပြင် Mi Band 7 Pro ကိုပါ မိတ်ဆက်နိုင်ပါတယ်။ Mi Band 7 Pro နဲ့ ပတ်သက်ပြီးတော့ သတင်းတွေကို အတိအကျမသိရသေးပေမယ့် ပိုမိုကြီးမားတဲ့ Display ၊ Battery နဲ့ GPS Feature တွေအဓိကပါဝင်လာဖွယ်ရှိပါတယ်။

Ref – GSM Arena