Xiaomi ကနေ အခုအချိန်မှာ MIUI 12 Update ကို Budget နဲ့ Flagship စမတ်ဖုန်းတွေအားလုံးအတွက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Mi Mix Series ဖုန်းတွေဖြစ်တဲ့ Mi Mix 2S နဲ့ Mi Mix 3 ဖုန်းတွေအတွက် MIUI 12 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Xiaomi Mi Mix 2S နဲ့ Mi Mix 3 စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်သလို Xiaomi ရဲ့ Flagship ဖုန်းတွေလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း Mi 8 Series ဖုန်းတွေလိုမျိုးတော့ Update ပုံမှန်ရရှိခြင်းမရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါသေးတယ်။

Mi Mix 2S ဟာ Android 8 Oreo ကို အခြေခံထားတဲ့ MIUI 9 နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး Mi Mix 3 ဖုန်းဟာ Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 နဲ့ မိတ်ဆက်ခဲ့ပါတယ်။ ယခုထွက်ရှိလာတဲ့ MIUI 12 Update မှာတော့ Android 10 OS ကိုပါ Update ရရှိလာပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း MIUI 12 Stable Update ဟာ China Region အတွက်ပဲရရှိနေသေးတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 11 Update ကို ရရှိနိုင်မယ်လို့လည်း ပြောကြားထားခြင်းမရှိတဲ့အတွက် MIUI 13 Update ကို ဆက်လက်ရရှိသွားဖို့ကတော့ မသေချာတော့ဘူးလို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Mi Mix 2S နဲ့ Mi Mix 3 အသုံးပြုနေတဲ့သူတွေအတွက်ကတေ့ာ တခြား Xiaomi ဖုန်းတွေလိုမျိုးပဲ Android 10 ကို အခြေခံထားတဲ့ MIUI 12 ကို Update လုပ်နိုင်တာကတော့ သတင်းကောင်းလို့ ပြောရမှာပါ။

Ref – Gizmo China