Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ပထမဆုံး 108MP Camera ပါဝင်တဲ့ Mi Note 10 ဖုန်းကို မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ Mi Note 10 ဟာ Global Version ဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာတော့ Mi CC9 Pro ဆိုတဲ့နာမည်နဲ့ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ နောက်ထပ် Mid Range ဖုန်းအသစ်တစ်လုံးအနေနဲ့ Mi Note 10 Lite ဆိုပြီး ထပ်မံမိတ်ဆက်သွားဦးမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အဆိုပါ သတင်းကို Sudhanshu A. အမည်ရှိတဲ့ Leakster တစ်ဦးကနေ Twitter Account မှာတင်ထားခဲ့တာဖြစ်ပြီး Mi Note 10 Lite ရဲ့ FCC မှာ ပေါက်ကြားလာတဲ့ Specs အချို့ကိုပါ ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ Mi Note 10 Lite ဖုန်းဟာ Qualcomm Snapdragon 730 Processor ကို အသုံးပြုထားမှာဖြစ်ပြီး Display အနေနဲ့ 6.47″ အရွယ်အစားရှိမှာဖြစ်ပါတယ်။ Camera အနေနဲ့ Penta Camera Setup ပါဝင်မှာဖြစ်ပြီး 64MP Primary Sensor အပြင် 8 MP + 8 MP + 5 MP + 2 MP Camera Sensor တွေပါဝင်လာမှာပါ။ Battery အနေနဲ့ 5260mAh Battery ပါဝင်ပြီးတော့ 30W Fast Charging ကိုလည်း Support ပြုလုပ်လာမယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ Android 10 ကိုအခြေခံထားတဲ့ MIUI 11 ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။

နောက်ထပ်အနေနဲ့ Selfie Camera ကို Mi Note 10 မှာပါတင်တဲ့ 32MP Selfie Camera အစား 16MP ပဲထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Leakster ရဲ့ ပြောကြားချက်အရတော့ Mi Note 10 Lite ဟာ Version ၂ မျိုးထွက်ရှိလာမယ်လို့ သိရတဲ့အတွက် ဖြစ်နိုင်တာက တရုတ်နိုင်ငံအတွင်းမှာ နောက်ထပ်နာမည်တစ်မျိူးနဲ့ ထွက်ရှိလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Mi Note 10 တဖြစ်လဲ Mi CC9 Pro ဟာ Xiaomi အတွက် အောင်မြင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပေမယ့် အခု Mi Note 10 Lite ကရော အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China