Xiaomi ကနေ လက်ရှိအချိန်မှာ Mi Notebook နာမည်နဲ့ Laptop မျိုးစုံကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း India နိုင်ငံမှာ ကျောင်းသားတွေအတွက် ရည်ရွယ်တဲ့ Mi Notebook 14 e-Learning Edition ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Mi Notebook 14 e-Learning Edition ဟာဆိုရင် 14″ Full HD Display ကို အသုံးပြုထားပြီး 16:9 Aspect Ratio အပြင် 81.2% Screen-to-Body Ratio ကိုလည်း Support ပြုလုပ်နိုင်မှာပါ။ IPS LCD Display နည်းပညာကြောင့် Viewing Angle အနေနဲ့လည်း 178° အထိကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ 10th Gen Intel Core i3-10110U Processor ကို အသုံးပြုထားပြီး 8GB 2666MHz DDR4 RAM နဲ့ 256GB SATA SSD တွေပါဝင်မှာဖြစ်ပါတယ်။ Graphic Card အနေနဲ့တော့ သီးသန့်ပါဝင်မှာမဟုတ်ဘဲ Intel UHD Graphics 620 ကိုပဲ အသုံးပြုလာမှာပါ။

Keyboard အနေနဲ့ကတော့ Full Size Scissor Switch Keyboard ကို အသုံးပြုထားပြီး Numpad နဲ့ Backlit တော့ ပါဝင်မှာမဟုတ်ပါဘူး။ DTS Audio ကို Support ပေးနိုင်တဲ့ 2 x 2W Speaker တွေတော့ ပါဝင်မယ်လို့ သိရပါတယ်။

တခြားသောအချက်တွေအနေနဲ့ကတော့ Dual-band Wi-Fi 5 ၊ Bluetooth 5.0 ၊ USB Type-A ၃ ပေါက် ၊ HDMI ၊ 3.5mm Headphone Jack နဲ့ DC Power Input တွေပါဝင်မှာဖြစ်ပါတယ်။ Metal Unibody ကိုအသုံးပြုထားပြီး အလေးချိန်အနေနဲ့ 1.5Kg ရှိမယ်လို့ သိရပါတယ်။ 46Wh Battery ပါဝင်မှာဖြစ်တဲ့အတွက် အသုံးပြုချိန် ၁၀ နာရီအထိ ရရှိနိုင်မယ်ဆိုပြီး Xiaomi ကနေ ပြောကြားထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ ယခု Mi Notebook 14 e-Learning Edition ဟာ သာမန်အဆင့်ပဲဆိုပေမယ့် စျေးနှုန်းအနေနဲ့ ₹36,999 (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် ပေးရတဲ့စျေးနဲ့တော့ တန်တဲ့ Laptop တစ်လုံးလို့ ပြောရမှာပါ။

Ref – Gizmo China