Xiaomi ဟာ Mi 11 Flagship စမတ်ဖုန်းနဲ့အတူ High-end Router အသစ်တစ်မျိုးကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ Xiaomi Mi Router AX6000 ဖြစ်ပြီး Wi-Fi 6 Enhanced သို့မဟုတ် Wi-Fi 6E ကို Support ပြုလုပ်တဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံး Router ပဲဖြစ်ပါတယ်။

Xiaomi ကနေ Wi-Fi 6 Router တွေကို အခုအချိန်မှာ မိတ်ဆက်ထားပြီးဖြစ်ပေမယ့် အခု Mi Router AX6000 ဟာ 4×4 160MHz Bandwidth ကို Support ပြုလုပ်တဲ့ ပထမဆုံးသော Wi-Fi 6E ပါဝင်လာတာဖြစ်ပါတယ်။ ဒါက လက်ရှိပုံမှန် Wi-Fi 6 နည်းပညာဖြစ်တဲ့ 4×4 80MHz နည်းပညာနဲ့ယှဥ်မယ်ဆိုရင် Bandwidth က ၂ ဆနီးပါးကို ပိုများလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Device တွေအနေနဲ့လည်း ယခင်ထက် ပိုပြီးများများ Connect ပြုလုပ်နိုင်မှာပါ။

နောက်ထပ် Mi Router AX6000 ဟာ ကမ္ဘာ့ပထမဆုံး 4K QAM High-Speed Transmission နည်းပညာပါဝင်လာတဲ့ Router တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ 4K QAM စနစ်က လက်ရှိ 1024 QAM နည်းပညာထက် Data ကို ၂၀ ရာခိုင်နှုန်းပိုမိုသယ်ဆောင်ပေးနိုင်ပြီး Network Speed ကိုလည်း သိသိသာသာမြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါနည်းပညာကို အပြည့်အဝသုံးစွဲဖို့ကတော့ Xiaomi Mi 11 လိုမျိုး Wi-Fi 6E Support ပါဝင်တဲ့ဖုန်းတွေကို အသုံးပြုဖို့ လိုအပ်မှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 2.5G Network Speed Port ၊ WAN/LAN Switching Mode တွေအပြင် နောက်ထပ် Xiaomi Router တွေနဲ့ပါ တွဲဖက်အသုံးပြုနိုင်မယ့် Xiaomi Mesh Networking ကိုလည်း Support ပေးနိုင်မှာပါ။ Independent Signal Amplifier ၆ ခုအထိ ပါဝင်တဲ့အတွက် အိပ်ခန်း ၃ ခန်းပါတဲ့ တိုက်ခန်းတွေကိုပါ Router တစ်ခုထဲနဲ့ Network Signal အားနည်းသွားခြင်းမရှိဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Xiaomi Mi AX6000 Router ဟာ Qualcomm Chipset ကို အသုံးပြုထားပြီး 512MB RAM ပါဝင်မှာဖြစ်တဲ့အတွက် Device ပေါင်း ၂၄၈ ခုအထိ တစ်ချိန်တည်းမှာ ချိတ်ဆက်နိုင်မှာလည်း ဖြစ်ပါတယ်။ တကယ်လို့ Xiaomi သို့မဟုတ် Redmi စမတ်ဖုန်းတွေကနေ ချိတ်ဆက်မယ်ဆိုရင်လည်း အလိုအလျောက်သိရှိမှာဖြစ်ပြီး Gaming ပိုင်းမှာ ပိုပြီးလိုင်းဆွဲအားကောင်းမွန်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Xiaomi ကတော့ အခု Mi Router AX6000 ကို စျေးနှုန်းအနေနဲ့ 599 Yuan (မြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်) သတ်မှတ်ထားပြီး လာမယ့် ဇန်နဝါရီလ ၈ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China