Xiaomi ဟာ အရင်နှစ် ဒီဇင်ဘာလက Mi Watch Color ကို ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ Mi Watch Color Sports Edition ကို ချပြလိုက်ပါတယ်။ Mi Watch Color Sports Edition ကို ၆၉၉ ယွမ် သတ်မှတ်ထားပြီး ၁ သိန်း ၃ သောင်းလောက်ကျသင့်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

Mi Watch Color Sports Edition

Mi Watch Color Sports Edition ရဲ့ အမိုက်စား လုပ်ဆောင်ချက်က သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုင်းတာပေးတာ ဖြစ်ပြီး ကိုဗစ်ကာလမှာ အရမ်းကို အသုံးဝင်ပါတယ်။ အရင်နှစ်ထုတ် မော်ဒယ်မှာတော့ ဒီလုပ်ဆောင်ချက် မပါပါဘူး။

Mi Watch Color Sports Edition

စမတ်နာရီမှာ ၁.၃၉ လက်မ HD AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Always-on Mode ပါပါတယ်။ Watch Faces ပေါင်း ၁၂၀ လောက်ပါတဲ့အတွက် စိတ်ကြိုက်ရွေးချယ် သုံးနိုင်ပါတယ်။ Sports Mode ပေါင်း ၁၁၇ ခု ပါတဲ့အတွက် အားကစားသမားတွေနဲ့ ကျန်းမာရေး လိုက်စားသူတွေအတွက် မိုက်ပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပြီး စွမ်းရည်မြင့် GPS Chip က လှုပ်ရှားမှုကို ကောင်းကောင်း ခြေရာခံနိုင်ပါတယ်။ Bluetooth 5.0 နဲ့ NFC တွေ ထောက်ပံ့ထားပြီး 420mAh ဘက်ထရီ ပါလာပါတယ်။ ဘက်ထရီ သက်တမ်း ၁၆ ရက်ခံတယ်လို့ Xiaomi က ပြောပါတယ်။ အနက်၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး လက်ပတ်ကြိုးအတွက် ၆ ရောင် ရွေးနိုင်ပါတယ်။

Ref : gizmochina