Xiaomi နောက်ထုတ်မယ့် စမတ်နာရီ အသစ် ၁ လုံးရဲ့ အဓိက Specs တွေနဲ့ ဒီဇိုင်းဟာ FCC ရဲ့ ဒေတာဘေ့စ်ကနေ ထွက်ပေါ်လာပါတယ်။ Mi Watch Lite လို့ နာမည်ပေးထားပြီး တရုတ်မှာတော့ Redmi Watch နာမည်နဲ့ ကြေညာနိုင်ပါတယ်။ နာမည်အရဆိုရင် အရင်နှစ်က ကြေညာခဲ့တဲ့ Mi Watch ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ FCC မှာ စမတ်နာရီနဲ့ ဘူးခွံ ဓါတ်ပုံတွေကို တွေ့ရပြီး Specs တွေကိုလည်း ဖော်ပြထားပါတယ်။

Xiaomi Mi Watch Lite appears in FCC listing with key specs and images

Mi Watch Lite မှာ လေးထောင့် ကိုယ်ထည် ပါလာပြီး ညာဘက်မှာ ခလုတ် ၁ ခုထဲ တပ်ဆင်ထားပါတယ်။ လက်ပတ်ကြိုးက ဆီလီကွန် အမျိုးအစား ဖြစ်ပြီး ၁.၄၁ လက်မ HD Color မျက်နှာပြင် ဖြစ်ပါတယ်။ GPS ထည့်ထားပြီး ရေစိုခံ ဒီဇိုင်း ဖြစ်ပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပြီး 230mAh ဘက်ထရီမှာ 5W Charging ထောက်ပံ့ထားပါတယ်။ စမတ်ဖုန်းနဲ့ Bluetooth 5.1 ကနေ ချိတ်ဆက်ရမှာ ဖြစ်ပြီး Android 4.4 , iOS 10 နဲ့ အထက် Device တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Mi Watch Lite key specs

ဘူးခွံမှာ Sport Modes များစွာကို ဖော်ပြထားပေမယ့် အပြည့်အစုံကို မသိရသေးပါဘူး။ စမတ်နာရီရဲ့ မော်ဒယ်နံပါတ်က REDMIWT02 ဖြစ်ပြီး တချို့နိုင်ငံတွေမှာ Redmi Brand အောက်ကနေ ရောင်းချနိုင်ပါတယ်။ အဲဒီ စမတ်နာရီကို အရင်က UL Demko နဲ့ တရုတ်က MIIT တို့မှာ မှတ်ပုံတင်ထားပြီဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပြီလို့ ထင်ပါတယ်။

Ref : gsmarena