အရင်နှစ် ဒီဇင်ဘာလက Xiaomi ဟာ တရုတ်မှာ Mi Watch Color ကို ကြေညာခဲ့ပြီး အခုတော့ နိုင်ငံတကာမှာ ပထမဆုံး ရောင်းချတဲ့ စမတ်နာရီ ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။ နိုင်ငံတကာမှာ Mi Watch Revolve နာမည်နဲ့ ရောင်းချနိုင်ပြီး အဲဒီ နာမည်ကို Mi Watch App နဲ့ နောက်ထုတ်မယ့် Mi Smart Band 4C မှာ တွေ့ရပါတယ်။ Mi Smart Band 4C ဟာ Redmi Brand ကို နာမည်ပြောင်း ရောင်းချတာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် စပိန် YouTuber eSavants က Mi Watch Revolve ကို လက်ဝယ်ပိုင်ပိုင် ကိုင်ပြနိုင်ခဲ့ပြီး Unboxing ဗီဒီယိုကို YouTube မှာ တင်ထားခဲ့ပါတယ်။ သူက ဒါဟာ Mi Watch Revolve ဖြစ်ပြီး AliExpress ကနေ ၉၀ ယူရိုနဲ့ ဝယ်ယူခဲ့တာလို့ ပြောပါတယ်။ မြန်မာငွေ ၁ သိန်း ၄ သောင်းလောက်ရှိနိုင်ပါတယ်။
Mi Watch Revolve မှာ ၁.၃၉ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး GPS ပါပါတယ်။ Bluetooth 5.0 ထောက်ပံ့ထားပြီး NFC ထည့်ထားပါတယ်။ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု တိုင်းတာတဲ့ လုပ်ဆောင်ချက်တွေ ပါလာပြီး ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ သာမာန်သုံးရင် ဘက်ထရီ သက်တမ်းက ၁၄ ရက်ခံပါတယ်။
Ref : gsmarena