Xiaomi က အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့ Update ကို Mi Watch အတွက် ဖြန့်ချိပေးလိုက်ပါတယ်။ အဓိက အနေနဲ့ အမူအကျင့်တွေ ကောင်းစေတဲ့ လုပ်ဆောင်ချက်တွေပါလာပါတယ်။ စမတ်နာရီက ရေမကြာခဏ သောက်အောင်၊ ညနက်တဲ့အထိ မနေအောင်၊ မနက်စာစားဖို့ မမေ့အောင်၊ စာဖတ်အောင် သတိပေးလာနိုင်ပါတယ်။

Mi Watch ကနေ ခလုတ် ၁ ချက်နှိပ်တာနဲ့ ဖုန်းကနေ ဓါတ်ပုံရိုက်ကူးပေးမှာ ဖြစ်တဲ့အတွက် အုပ်စုလိုက် ဆဲလ်ဖီးတွေ ရိုက်ရင် အသုံးဝင်လာပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ လမ်းလျှောက်ပြီးတဲ့အကွာအဝေး၊ နှလုံးခုန်နှုန်း ပြောင်းလဲမှု စတာတွေကို အသံ၊ တုန်ခါမှုတွေကနေ အသိပေးနိုင်လာပါတယ်။ လေ့ကျင့်ခန်း လုပ်ထားတဲ့ ဒေတာတွေကို မျှဝေလို့ရလာပါတယ်။

ဒါတင်မကသေးပါဘူး။ Update မှာ Mi Watch အတွက် Watch Faces အသစ် ၁၀၀ ကျော်တောင်ပါလာပြီး စာအုပ်နဲ့ သင်ခန်းစာပေါင်း ၁၉၀၀၀ ကျော်ကို ၇ ရက်အခမဲ့ ဖတ်ရှု လေ့လာနိုင်တဲ့ အခွင့်အရေး ၁ ခု ထည့်သွင်းပေးထားပါတယ်။ Mi Watch မှာ ပထမဆုံး အနေနဲ့ Tencent Translator ထည့်သွင်းပေးပြီး အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးတဲ့ လုပ်ဆောင်ချက်က မိုက်ပါတယ်။

Update က System မှာ English ဘာသာစကားကို ထောက်ပံ့ပေးလာပြီး Boot Process ပိုမြန်လာပါတယ်။ WeChat ကို အလိုလို ဖျက်ပစ်တဲ့ ပြဿနာကို ဖြေရှင်းပေးထားပြီး Third-party Apps တွေရဲ့ ဘက်ထရီ စားသုံးမှု များနေတာကို ပြင်ဆင်ပေးထားပါတယ်။

Ref : gizmochina