Xiaomi ဟာ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ စိတ်ဝင်စားစရာ Product အသစ်ကို မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။ ဒါကတော့ MicroSD Card အဖြစ်ပါ အသုံးပြုနိုင်တဲ့ SIM Card တွေကို ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။

ဒါက တကယ်သာဖြစ်လာမယ်ဆိုရင် လက်ရှိ iPhone အပါအဝင် Flagship ဖုန်းအတော်များများ Internal Storage မလုံလောက်တဲ့ ပြဿနာအပြင် File တွေများများသိမ်းဆည်းဖို့အတွက် စျေးပိုကြီးတဲ့ Storage Version ကိုပါ ဝယ်ယူဖို့လိုအပ်မှာမဟုတ်တေ့ာပါဘူး။

အခုလက်ရှိအချိန်မှာတော့ Samsung ရဲ့ Flagship စမတ်ဖုန်းတွေမှာပဲ MicroSD Card ကို ထည့်သွင်းပေးနေတုန်းဖြစ်ပြီး 4K နဲ့အထက် Video ရိုက်ကူးချင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေနေတာဖြစ်ပါတယ်။ တဖက်မှာတော့ Google Pixel လိုမျိုး ဖုန်းတွေကတော့ MicroSD အစား Unlimited Photos/Video Backup သို့မဟုတ် Google One လိုမျိုး Cloud Backup အပေါ်မှာ မှီခိုနေကြတာဖြစ်ပါတယ်။

နောက်ထပ်ပြဿနာတစ်ခုက Xiaomi အနေနဲ့ SIM Card ထဲမှာ MicroSD Card ပါထည့်သွင်းဖို့ မူပိုင်ခွင့်ရယူလိုက်ပေမယ့် Storage Speed အနေနဲ့ ဘယ်လောက်ရှိမလဲဆိုတာကိုတော့ သိရှိရခြင်းမသိသေးပါဘူး။ လက်ရှိ Flagship ဖုန်းတွေမှာ UFS 3.0 သို့မဟုတ် 3.1 လိုမျိုး အလွန်မြန်ဆန်တဲ့ Storage တွေသုံးလာကြတဲ့အတွက် ဖြစ်နိုင်တာက အဆိုပါ SIM Card ထဲမှာ MicroSD Card ထည့်သွင်းမယ်ဆိုရင် Speed ကတော့ သိသိသာသာပိုနှေးသွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ ဒီလိုမျိုး MicroSD ပါထည့်သွင်းထားတဲ့ SIM Card တွေကို တကယ်မိတ်ဆက်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China