Xiaomi ဟာ MIUI 12 ကို ထုတ်ပေးနေတုန်းမှာပဲ နောက်မျိုးဆက် MIUI 13 ရဲ့ သတင်းတွေထွက်လာပါတယ်။ ကုမ္ပဏီဟာ MIUI 13 မှာ User တွေ သုံးချင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဒီနှစ် အစောပိုင်းက စစ်တမ်းကောက်ခဲ့ပါသေးတယ်။ အခုတော့ Forum Moderator ၁ ‌ယောက်က MIUI 13 ကို ၂၀၂၁ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ဖြန့်ချိမယ်လို့ သတင်းပေးလိုက်ပါတယ်။

Xiaomi

Xiaomi ဟာ MIUI 13 ကို  နိုဝင်ဘာလ ၅ ရက်ကနေ ၇ ရက်အတွင်း ကျင်းပမယ့် Mi Developer Conference (MIDC) မှာ ကြေညာမယ်လို့ အောက်တိုဘာလက သတင်းထွက်လာခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။

Xiaomi

MIUI 12 ကို ၂၀၂၀ ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း ကြေညာခဲ့တဲ့အတွက် MIUI 13 ကိုလည်း အဲဒီအချိန်လောက်မှာ ချပြမယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကွာတား ၂ လို့သတင်းထွက်လာတဲ့အတွက် နည်းနည်းတော့နောက်ကျမှာပါ။ လက်ရှိအချိန်မှာ MIUI 12 မရသေးတဲ့ ဖုန်းတွေ ရှိနေပါသေးတယ်။

Forum Moderator တွေဟာ ကုမ္ပဏီအတွင်းပိုင်းနဲ့ မနီးစပ်တဲ့အတွက် အခုသတင်းဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ မပြောနိုင်ပါဘူး။ MIUI 13 ကြေညာမယ့် အချိန်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ သတင်းတွေ ပိုထွက်လာမယ်လို့ ထင်ပါတယ်။

Ref : gizmochina