Xiaomi ဟာ Flip စတိုင် Foldable စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့ သတင်းကို အရင်နှစ် စက်တင်ဘာလက ကြားခဲ့ရပါတယ်။ အဲဒီ ဖုန်းကို Xiaomi Mix Flip လို့ အမည်ပေးထားပြီး ဒီနှစ်နှောင်းပိုင်းမှာ Mix Fold 4 နဲ့အတူ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Xiaomi Mix Flip gets certified in China with support for satellite connectivity - GSMArena.com news

အခုတော့ Mix Flip ကို တရုတ်ရဲ့ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ အံ့အားသင့်စရာ ကောင်းတာက Mix Flip မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမှာ ဖြစ်ပါတယ်။

Xiaomi Mix Flip gets certified in China with support for satellite connectivity

အဲဒီ စမတ်ဖုန်းမှာ Android Operating System ထည့်သွင်းထားမယ်လို့လည်း အတည်ပြုထားပြီး 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ သိပ်အံ့အားသင့်စရာ မကောင်းပါဘူး။ တရုတ်ရဲ့ စက်မှုနဲ့ သတင်းအချက်အလက် ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေထဲမှာ ဖုန်းရဲ့ Specification တွေ မပါလာပါဘူး။ အရင်ကတော့ အဲဒီဖုန်းရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

Mix Flip မှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3x Telephoto ပါတဲ့ OPPO Find N3 Flip လိုမျိုး ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Mix Flip ဟာ Mix Fold Series လို ပါးလွှာနိုင်ပါတယ်။ Mix Flip ကို တရုတ်မှာပဲ ရောင်းချမလား နိုင်ငံတကာမှာပါ ရောင်းချမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena