၂၀၂၁ ခုနှစ် မတ်လမှာ Xiaomi ဟာ Mi Mix Fold အမည်ရ ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Xiaomi Mix Fold 2 အမည်ရ မျိုးဆက်သစ်ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Mi MIX Fold featured

အဲဒီ ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specs တွေ မကြာခဏ ပေါက်ကြားခဲ့ဖူးပြီး အခုတော့ Tipster Abhishek Yadav က ကြေညာမယ့် အချိန်ကို သတင်းပေးလာပါတယ်။ ဩဂုတ်လထဲ ကြေညာမှာ ဖြစ်ပြီး ဒီသတင်းသာ မှန်ရင် မကြာခင် Teaser တွေကို မြင်ရတော့မှာပါ။ Xiaomi ဟာ ဩဂုတ်လ ၁၆ ရက်မှာ Android 13 အခြေပြု MIUI 14 ROM ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့အတွက် Mix Fold 2 ကိုလည်း အဲဒီနေ့မှာ ကြေညာနိုင်ပါတယ်။

Xiaomi Mix Fold 2 likely to launch in August 2022

ပေါက်ကြားသတင်းတွေအရ Mix Fold 2 မှာ ၈.၁ လက်မ အတွင်း မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး LTPO OLED Panel ဖြစ်ကာ 2K Resolution နဲ့ Variable 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Aspect Ratio က 21:9 ဖြစ်တဲ့အတွက် Mix Fold 2 ဟာ အရင်မျိုးဆက်ထက် အမြင့်က တိုပြီး ပိုကျယ်လာမှာပါ။

Mix Fold 2 မှာ Snapdragon 8+ Gen 1 Chipset , 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး Mi Mix Fold မှာလို 67W Fast Charging ထည့်ထားမှာပါ။ အပြင်ဘက် မျက်နှာပြင်မှာ 120Hz Refresh Rate ပါလာမှာပါ။ လက်ရှိမှာ ဒီသတင်းအချက်အလက်တွေကိုပဲ သိရသေးပြီး မကြာခင် ပိုမို သိလာရမှာပါ။

Ref : gizmochina