Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Foldable စမတ်ဖုန်းစျေးကွက်ကို Xiaomi Mix Fold နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mix Fold 2 ဖုန်းကိုပါ ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။
အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ စိတ်ဝင်စားဖွယ်အချက်အလက်အချို့ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါကတော့ Xiaomi Mix Fold 2 မှာ ပါဝင်လာမယ့် Display နဲ့ ပတ်သက်ပြီး Specification တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ပြောကြားချက်အရတော့ Xiaomi Mix Fold 2 စမတ်ဖုန်းဟာ 2K High-brush Flexible LTPO Display ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Display ဟာ တကယ်ကို Premium ဆန်တဲ့ Luxury ဆန်တဲ့ Quality တစ်ခုကို ရရှိမယ်လို့ သိရပါတယ်။
ဒါကြောင့် Display ပိုင်းမှာ Dual 120Hz High Refresh Rate ပါဝင်တဲ့ Internal နဲ့ External Display ၂ ခုပါဝင်မှာဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Xiaomi Mix Fold မှာ အသုံးပြုခဲ့တဲ့ 60Hz External Display နဲ့ယှဥ်ရင် သိသိသာသာတိုးတက်လာစေမှာပါ။ External Display ဟာလည်း ယခင်နဲ့ယှဥ်ရင် သိသိသာသာပါးလွှာလာမယ်လို့ သိရပါတယ်။
Xiaomi Mix Fold 2 ဟာ Qualcomm Snapdragon 8 Gen1 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 108MP Primary Sensor ပါဝင်တဲ့ Triple Camera Setup နဲ့ 20MP Selfie Camera တွေထည့်သွင်းထားမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 5020mAh ပါဝင်မှာဖြစ်ပြီး Fast Wired နဲ့ Wireless Charging တွေကို ထောက်ပံ့ပေးနိုင်မှာပါ။
Ref – Gizmo China