ကောလာဟလထွက်နေတဲ့ သတင်း ၁ ပုဒ်က အမှန်တကယ် ဖြစ်လာပါပြီ။ Xiaomi က Leica ကင်မရာ ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ပြီလို့ ကြေညာလိုက်ပြီး ကုမ္ပဏီ ၂ ခု ပူးပေါင်း ဖန်တီးထားတဲ့ ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ဇူလိုင်မှာ ကြေညာမှာပါ။ အဲဒီ စမတ်ဖုန်းဟာ Xiaomi 12 Ultra ဖြစ်နိုင်ပါတယ်။

Xiaomi officially announces partnership with Leica, first jointly developed phone arrives in July

Leica ဟာ အရင်ကလည်း စမတ်ဖုန်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းခဲ့ဖူးပြီး အထင်ရှားဆုံးကို ပြရရင် Huawei ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရက Huawei ကို စီးပွားရေး ပိတ်ဆို့မှုများပြုလုပ်ခဲ့တဲ့အတွက် Leica ဟာ တခြား စမတ်ဖုန်း ကုမ္ပဏီတွေနဲ့ လက်တွဲလိုက်တာ သဘာဝကျပါတယ်။

Xiaomi MIX 5 Pro or Xiaomi 12 Ultra camera specifications detailed - NotebookCheck.net News

Xiaomi နဲ့ Leica တို့ရဲ့ ပူးတွဲကြေညာချက်မှာ “ Xiaomi နဲ့ Leica တို့ဟာ မိုဘိုင်း ဓါတ်ပုံ ပညာရပ်နဲ့ ပတ်သက်ပြီး တူညီတဲ့ စိတ်ကူးတွေ ရှိကြသလို မိုဘိုင်း ဓါတ်ပုံ ပညာရပ်ကို နောက်တစ်ဆင့် မြှင့်တင်ချင်နေကြပါတယ်။ “ လို့ ရေးသားထားပါတယ်။ Xiaomi CEO Lei Jun က “ Xiaomi ဟာ သုံးစွဲသူတွေအတွက် အကောင်းဆုံး အတွေ့အကြုံရအောင် အာရုံစိုက်ထားပြီး စမတ်ဖုန်း ဓါတ်ပုံ ပညာရပ်ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး ဖြစ်အောင် နည်းလမ်းတွေ အမြဲတမ်း ရှာဖွေနေပါတယ်။ ကုမ္ပဏီ ၂ ခုဟာ တူညီတဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်ကြမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Leica Camera AG CEO Matthias Harsch က “ Xiaomi နဲ့ ကာလရှည် ပူးပေါင်း အလုပ်လုပ်ရမှာ ဂုဏ်ယူစရာကောင်းပါတယ်။ ကုမ္ပဏီ ၂ ခုဟာ နက်နက်ရှိုင်းရှိုင်း လက်တွဲ လုပ်ကိုင်သွားမှာ ဖြစ်ပြီး ပထမဆုံး ထွက်လာတဲ့ စမတ်ဖုန်းဟာ ဒီနယ်ပယ်မှာ ရှေ့ဆောင်လမ်းပြဖြစ်စေမှာပါ။ “ လို့ ပြောပါတယ်။

Ref : gsmarena