Xiaomi ဟာ တက်ဘလက်တွေ စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလေ့ မရှိပါဘူး။ ၂၀၁၈ ခုနှစ်မှာ Xiaomi Mi Pad 4 ကို ရောင်းချပြီးနောက် ၂၀၂၁ ခုနှစ် အထိ တက်ဘလက် အသစ်တွေကို မရောင်းချခဲ့ပါဘူး။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ Xiaomi Mi Pad 5 ကို ရောင်းချခဲ့ပြီး အခုတော့ Xiaomi Pad 6 Series ကို ဥရောပမှာ စမ်းသပ်နေပြီလို့သိရပါတယ်။

Xiaomi Pad 6, Pad 6 Pro specifications tipped ahead of launch

Xiaomi Pad 6 Series အတွက် မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး Standard Version ရဲ့ လျှို့ဝှက်နာမည်က Pipa နဲ့ စွမ်းရည်မြင့် Version ရဲ့ လျှို့ဝှက်နာမည်က Liuqin ဖြစ်ပါတယ်။ အဲဒီ တက်ဘလက် ၂ လုံးကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2023 မှာ ကြေညာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီဟာ Xiaomi 13 နဲ့ 13 Pro ရဲ့ နိုင်ငံတကာ မော်ဒယ်တွေကို ရောင်းချနိုင်ပါတယ်။

Xiaomi Pad 6: Release Date, Price, Specs, and Everything We Know - Samma3a Tech

တက်ဘလက် ၂ လုံးရဲ့ Specs တွေအကြောင်းပြောရရင် Xiaomi Pad 6 မှာ Qualcomm Snapdragon 870 Chip နဲ့ Xiaomi Pad 6 Pro မှာ Qualcomm Snapdragon 8+ Gen 1 Chip ပါလာနိုင်ပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ Xiaomi Pad 6 Series မှာ Full-screen ဒီဇိုင်းကို အသုံးပြုထားနိုင်ပြီး ဖရိမ်တွေက ပါးလွှာမှာ ဖြစ်ပါတယ်။ ၁၁ လက်မနဲ့ ၁၂ လက်မကြား အရွယ်အစားတွေ ထုတ်လုပ်ထားနိုင်ပြီး အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။ Operating System အကြောင်းပြောရရင် MIUI for Pad ကို မောင်းနှင်ထားနိုင်ပါတယ်။ နောက်လမှာ Xiaomi Pad 6 Series ကို တရားဝင် မျက်ဝါးထင်ထင်မြင်ရတော့မယ်လို့ ထင်ပါတယ်။

Ref : gizchina