Xiaomi က ၁၂.၄ လက်မ မျက်နှာပြင်ပါတဲ့ Pad 6S Pro 12.4 ကို ကြေညာလိုက်ပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားကာ အနက်၊ အပြာနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပါတယ်။ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၆ လုံးနဲ့ မိုက်ကရိုဖုန်း ၄ လုံး ပါပါတယ်။

Xiaomi Pad 6S Pro has a 3:2 12.4'' 144Hz display and a Snapdragon 8 Gen 2

3048x2032p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 900 Nits Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ဒစ်ဂျစ်တယ်ဘောပင်နဲ့ သုံးနိုင်ပါတယ်။

Xiaomi Pad 6S Pro has a 3:2 12.4'' 144Hz display and a Snapdragon 8 Gen 2

Android 14 အခြေပြု HyperOS မောင်းနှင်ထားပြီး တချို့ App တွေမှာ Multitasking ပိုကောင်းအောင် ပြုလုပ်ထားပါတယ်။ တက်ဘလက်ရဲ့ အနောက်ဘက်မှာ Pogo Pins တပ်ထားပြီး Xiaomi SU7 EV မှာ သံလိုက်နဲ့ ချိတ်ဆက်ကာ တက်ဘလက်ကို ကားရဲ့ Infotainment အဖြစ် သုံးနိုင်ပါတယ်။

Xiaomi Pad 6S Pro has a 3:2 12.4'' 144Hz display and a Snapdragon 8 Gen 2

တက်ဘလက်မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 120W Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါပါတယ်။ ၃၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်းနဲ့ ၁၀ မိနစ်အတွင်း ၄၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Xiaomi Pad 6S Pro 12.4 has a 3:2 144Hz display and a Snapdragon 8 Gen 2 -  GSMArena.com news

8/256GB ကို ၃,၂၉၉ ယွမ်၊ 12/256GB ကို ၃,၅၉၉ ယွမ်၊ 12/512GB ကို ၃,၉၉၉ ယွမ်နဲ့ 16GB/1TB ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ Smart Touch Keyboard ကို ၆၄၉ ယွမ်နဲ့ Focus Stylus ကို ၄၉၉ ယွမ် ကျသင့်ပါတယ်။

Ref : gsmarena