Xiaomi ဟာ ဒီနှစ် ကွာတား ၂ မှာ Xiaomi 14 Ultra ကို စွမ်းရည်မြင့် Xiaomi Pad 7 , Pad 7 Pro တက်ဘလက်တွေနဲ့အတူ ကြေညာနိုင်ပါတယ်။ အခုတော့ Pro Version ရဲ့ Battery ပမာဏနဲ့ အားသွင်းနှုန်းကို သိလာရပါပြီ။

Xiaomi Pad 6 Pro Review : True flagship chip for a more mature tablet

Xiaomi Pad 7 Pro မှာ အရွယ်ကြီး 10,000mAh Battery နဲ့ 120W Fast Charging ပါလာမယ်လို့ Mi Code မှာတွေ့လာရပါတယ်။ Xiaomi Pad 6 Pro ရဲ့ 8,600mAh Battery နဲ့ 67W Fast Charging ထက် အများကြီး တိုးတက်လာတာပါ။

Xiaomi Pad 6 Review: Unleashing the power of media and gaming - The Hindu  BusinessLine

အရင်သတင်းတွေအရ Xiaomi Pad 7 Pro မှာ 10” LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 1480x2367p Resolution နဲ့ 144Hz LCD Panel ထောက်ပံ့ထားမှာပါ။ Snapdragon 8 Gen 2 Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 512GB Storage ပါလာမှာပါ။

Android 14 အခြေပြု HyperOS ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ စပီကာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Xiaomi က Pad 7 Pro ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ သတင်းထွက်နေပြီး အချိန်ကိုတော့ မသိရသေးပါဘူး။

Ref : gizmochina