Xiaomi က ကုမ္ပဏီရဲ့ ကိုယ်ပိုင်ထုတ် Xring O1 chipset ကို ပထမဆုံးအသုံးပြုထားတဲ့ တက်ဘလက်အသစ်ဖြစ်တဲ့ Pad 7S Pro 12.5 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယနေ့ တရုတ်နိုင်ငံမှာ စတင်ရောင်းချတဲ့ အဲဒီ တက်ဘလက်အသစ်ဟာ ယခင်မော်ဒယ်လ်ထက် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ ပိုမိုပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်း နဲ့ သိသိသာသာ ပိုမိုမြန်ဆန်တဲ့ အားသွင်းစနစ်တို့ ပါဝင်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လက Xiaomi 15S Pro စမတ်ဖုန်းမှာ ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ Xring O1 chipset ကို ယခု Pad 7S Pro မှာ ထည့်သွင်းအသုံးပြုလာတာဖြစ်ပြီး စွမ်းဆောင်ရည်မြင့် တက်ဘလက်တစ်လုံးအဖြစ် ဖော်ပြထားပါတယ်။ Xiaomi ဟာ ကိုယ်ပိုင် ဟာ့ဒ်ဝဲတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
Pad 7S Pro မှာ ၁၂.၅ လက်မအရွယ် မျက်နှာပြင်ကို တပ်ဆင်ထားပြီး၊ Xiaomi က ၁၁ လက်မအရွယ် တက်ဘလက်တွေရဲ့ သယ်ဆောင်ရလွယ်ကူမှုနဲ့ ၁၄ လက်မအရွယ် တက်ဘလက်တွေရဲ့ ကျယ်ပြန့်တဲ့မြင်ကွင်းတို့ကြား အကောင်းဆုံးဟန်ချက်ညီမှုကို ပေးစွမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာပြင်ဟာ လုပ်ငန်းသုံးအတွက် ပိုမိုအဆင်ပြေစေတဲ့ 3:2 aspect ratio နဲ့ ယခင်မျိုးဆက်အတိုင်း ကြည်လင်ပြတ်သားတဲ့ 144Hz refresh rate ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
ပိုကြီးတဲ့ မျက်နှာပြင်ပါဝင်လာပေမယ့် တက်ဘလက် အထူ ၅.၈ မီလီမီတာသာရှိပြီး Pad 7 Pro ရဲ့ ၆.၂ မီလီမီတာထက် ပိုမိုပါးလွှာလာတာကို တွေ့ရပါတယ်။ အလေးချိန်မှာမူ ၅၇၆ ဂရမ်အထိ တိုးလာပြီး (ယခင် ၅၀၀ ဂရမ်) ဒါဟာ ကြီးမားတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီကြောင့် ဖြစ်ပါတယ်။ မီဒီယာ သုံးရင် အမိုက်စားဖြစ်စေမယ့် Dolby Atmos နည်းပညာထောက်ပံ့ထားတဲ့ စပီကာ ၆ လုံးကို ထည့်သွင်းပေးထားပါတယ်။
စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အားသွင်းစနစ်
Pad 7S Pro ရဲ့ အဓိကစွမ်းအားမှာ 10,610mAh ပမာဏရှိ ဘက်ထရီကြီးဖြစ်ပြီး၊ Pad 7 Pro ရှိ 8,850mAh ထက် သိသိသာသာ ပိုမိုများပြားလာပါတယ်။ ဘက်ထရီပမာဏ တိုးလာသည်နဲ့အညီ အားသွင်းမြန်နှုန်းမှာလည်း ယခင်မော်ဒယ်လ်ရဲ့ 67W ထက် နှစ်ဆနီးပါးရှိတဲ့ 120W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးလာပါတယ်။
စွမ်းဆောင်ရည်
Xiaomi Pad 7S Pro ကို “ကွန်ပျူတာရဲ့အဖော်” (computer companion) နဲ့ လက်တော့ပ်အစားထိုးသုံးနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ဖန်တီးပေးထားပါတယ်။ သံလိုက်ဖြင့်တပ်ဆင်နိုင်ပြီး လိုသလိုချိန်ညှိနိုင်တဲ့ Hinge ပါတဲ့ ကီးဘုတ် (optional) ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ တက်ဘလက်မှာ WPS Office ဗားရှင်းအသစ်၊ ZWCAD နဲ့ CAJViewer ကဲ့သို့သော ပရော်ဖက်ရှင်နယ်သုံး ဆော့ဖ်ဝဲလ်တွေကိုလည်း ထောက်ပံ့ထားပါတယ်။
ဒါ့အပြင် Windows နဲ့ Mac ကွန်ပျူတာနှစ်မျိုးလုံးသို့ 41ms သာရှိတဲ့ latency နည်းပါးမှုဖြင့် screen mirroring ပြုလုပ်နိုင်တဲ့ အဆင့်မြင့်ချိတ်ဆက်မှုစနစ်လည်း ပါဝင်ပါတယ်။ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာနဲ့ ကီးဘုတ်၊ မောက်စ်တို့ကို မျှဝေသုံးစွဲနိုင်ပြီး ဖိုင်တွေကို အလွယ်တကူ လွှဲပြောင်းနိုင်ပါတယ်။
ဈေးနှုန်း
Xiaomi Pad 7S Pro 12.5 ကို တရုတ်နိုင်ငံမှာ ယနေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ကုမ္ပဏီက ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ချိမယ့် အစီအစဉ်ကို မကြေညာသေးပါဘူး။
မော်ဒယ်လ်အလိုက် ဈေးနှုန်းတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
Optional ကီးဘုတ်ကို ယွမ် ၁,၀၀၀ (~$138) ဖြင့် ရောင်းချမှာဖြစ်ပြီး အလင်းပြန်မှု လျှော့ချပေးတဲ့ Soft Light screen protector ကို ယွမ် ၂၀၀ (~$28) ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Ref : gsmarena