Xiaomi က Pad 8 နဲ့ Pad 8 Pro တက်ဘလက်အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။
Xiaomi Pad 8 နဲ့ Pad 8 Pro မှာ တူညီတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။ အဲဒါတွေကတော့ 3.2K resolution, 800 nits တောက်ပမှုနဲ့ 144Hz refresh rate ရှိတဲ့ ၁၁.၂ လက်မ LCD display ဖြစ်ပါတယ်။ အဲဒီ display မှာ DC dimming, HDR10, HDR Vivid နဲ့ Dolby Vision တို့ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
တက်ဘလက်နှစ်မျိုးလုံးမှာ Matte edition ဆိုပြီးလည်း ထွက်ရှိပါတယ်။ အဲဒီ edition မှာတော့ display ကို AG texture နဲ့ ဖုံးအုပ်ပေးထားတာကြောင့် အလင်းပြန်မှုကို ၇၀% အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ တက်ဘလက်တွေမှာ Dolby Atmos ပါတဲ့ စပီကာလေးလုံး၊ ဘေးဘောင်လက်ဗွေရာစနစ်နဲ့ 9,200mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ Pad 8 မှာ 45W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးပြီး Pro model မှာတော့ 67W အထိ ထောက်ပံ့ပေးထားပါတယ်။
ဒီဇိုင်းပိုင်းမှာတော့ မော်ဒယ်နှစ်မျိုးလုံးဟာ ၅.၇၅ မီလီမီတာအထူနဲ့ ၄၈၅ ဂရမ်အလေးချိန်ရှိပြီး တထပ်တည်းတူညီပါတယ်။ တက်ဘလက်နှစ်မျိုးလုံးမှာ Android 16 အခြေခံတဲ့ HyperOS 3 ကို သုံးထားပြီး Wi-Fi 7, 5G, နဲ့ Bluetooth 5.4 တို့လို ချိတ်ဆက်မှုစနစ်တွေလည်း အတူတူပဲ ဖြစ်ပါတယ်။
ကွဲပြားခြားနားချက်တွေကို ကြည့်မယ်ဆိုရင် Xiaomi Pad 8 မှာ Snapdragon 8s Gen 4 SoC ကို သုံးထားပြီး 12GB RAM နဲ့ 256GB storage အထိ ရနိုင်ပါတယ်။ Pro model မှာတော့ Snapdragon 8 Elite ကိုသုံးထားပြီး 16GB RAM နဲ့ 512GB storage အထိ ရရှိနိုင်ပါတယ်။
ကင်မရာပိုင်းမှာလည်း ကွာခြားမှုရှိပါတယ်။ Pad 8 ရိုးရိုးမော်ဒယ်မှာ 13MP ကျောဘက်ကင်မရာနဲ့ 8MP ရှေ့ကင်မရာ ပါဝင်ပါတယ်။ Xiaomi Pad 8 Pro မှာတော့ 50MP ကျောဘက်ကင်မရာနဲ့ 32MP selfie ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။
Xiaomi Pad 8 နဲ့ Pad 8 Pro တို့ကို အနက်၊ စိမ်းပြာနဲ့ ရေခဲပြာရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။
Pad 8 ဈေးနှုန်း
8GB/128GB: ယွမ် ၂,၁၉၉ (ဒေါ်လာ ၃၁၀ ခန့်)
8GB/256GB: ယွမ် ၂,၄၉၉ (ဒေါ်လာ ၃၅၀ ခန့်)
12GB/256GB: ယွမ် ၂,၇၉၉ (ဒေါ်လာ ၃၉၀ ခန့်)
Pad 8 Matte Edition ဈေးနှုန်း
8GB/256GB: ယွမ် ၂,၆၉၉ (ဒေါ်လာ ၃၈၀ ခန့်)
12GB/256GB: ယွမ် ၂,၉၉၉ (ဒေါ်လာ ၄၂၀ ခန့်)
Pad 8 Pro ဈေးနှုန်း
8GB/128GB: ယွမ် ၂,၇၉၉ (ဒေါ်လာ ၃၉၀ ခန့်)
8GB/256GB: ယွမ် ၃,၀၉၉ (ဒေါ်လာ ၄၃၅ ခန့်)
12GB/256GB: ယွမ် ၃,၃၉၉ (ဒေါ်လာ ၄၇၅ ခန့်)
12GB/512GB: ယွမ် ၃,၆၉၉ (ဒေါ်လာ ၅၂၀ ခန့်)
16GB/512GB: ယွမ် ၃,၈၉၉ (ဒေါ်လာ ၅၅၀ ခန့်)
Pad 8 Pro Matte Edition ဈေးနှုန်း
12GB/256GB: ယွမ် ၃,၅၉၉ (ဒေါ်လာ ၅၀၅ ခန့်)
12GB/512GB: ယွမ် ၃,၈၉၉ (ဒေါ်လာ ၅၅၀ ခန့်)
16GB/512GB: ယွမ် ၄,၀၉၉ (ဒေါ်လာ ၅၇၅ ခန့်)
Ref : gsmarena