Xiaomi က ၂၀၁၉ နှောင်းပိုင်းမှာ မျက်နှာပြင် ပတ်လည် ပါတဲ့ Mi MIX Alpha ကို ကြေညာခဲ့ပါတယ်။ Xiaomi က အကန့်အသတ်နဲ့ ရောင်းမယ်လို့ ပြောခဲ့ပေမယ့် အခုထက်ထိ မဖြစ်လာသေးပါဘူး။ ၁ နှစ်ကျော်ကြာတာတောင် အဲဒီဖုန်းရဲ့ မျိုးဆက်သစ်ကို Xiaomi က မကြေညာသေးပါဘူး။ ဒါပေမယ့် Xiaomi က အဲဒီလို မျက်နှာပြင် ပတ်လည် ပါတဲ့ စမတ်ဖုန်း ဒီဇိုင်းတွေကို မှတ်ပုံတင်ခဲ့ပါတယ်။ အခုလည်း အဲဒီလို ဒီဇိုင်း ၂ ခုကို မှတ်ပုံတင်ထားတဲ့ သတင်းထွက်လာပါတယ်။

Xiaomi Surround Display Smartphone Design Patent 01

LetsGoDigital က Beijing Xiaomi Mobile Software ဟာ CNIPA (China National Intellectual Property Office) မှာ Patent ၁ ခုကို ၂၀၁၉ အကုန်မှာ မှတ်ပုံတင်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အဲဒီ Patent ကို ပြသလိုက်ပါတယ်။ မျက်နှာပြင် ပတ်လည်ပါတဲ့ စမတ်ဖုန်း ဒီဇိုင်း ၂ ခုကို တွေ့မြင်ရပြီး ကွဲပြားမှု အနည်းငယ်ပဲ ပါပါတယ်။

Xiaomi Surround Display Smartphone Design Patent 02

ပထမ ဒီဇိုင်းအကြောင်းပြောရရင် ဖုန်း မျက်နှာပြင်ဟာ ဘေးဘက်အစား အထက်နဲ့အောက်ကို ပတ်ထားတာ ဖြစ်ပြီး Mi MIX Alpha နဲ့ တူညီပါတယ်။ ဒါပေမယ့် ဘေးဘက်မှာ သီးခြား မျက်နှာပြင် ၂ ခု ထည့်သွင်းထားပါတယ်။ ရေပြင်ညီ ဖရိမ်ငယ်လေးမှာ ကင်မရာ ၄ လုံး၊ LED Flash ၂ လုံးနဲ့ မိုက်ကရိုဖုန်း ၁ လုံးကို မြင်ရပါတယ်။ အဲဒီ ဒီဇိုင်းရဲ့ အဓိက အချက်က MIX Alpha ထက်တောင် ပါးလွှာတာပါ။

ဒုတိယ ဒီဇိုင်းဟာ လုံးဝန်းတဲ့ ပုံစံ ဖြစ်ပြီး ကင်မရာ ၃ လုံး ထည့်သွင်းထားကာ LED Flash နဲ့ မိုက်ကရိုဖုန်းတွေ မပါလာပါဘူး။ Xiaomi ဟာ အဲဒီဖုန်းတွေကို မကြာခင် ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။ Xiaomi ဟာ အဲဒီ ဖုန်းတွေကို MIX Alpha လို သရုပ်ပြရုံလောက်ပဲ ပြုလုပ်နိုင်ပြီး ဈေးကွက်ထဲ အရောက်ပို့မှာ မဟုတ်နိုင်ပါဘူး။

Ref : gizmochina