Forbes မဂ္ဂဇင်းရဲ့ လုံခြုံရေးသုတေသီတစ်ဦးက Xiaomi ဟာ ကုမ္ပဏီထုတ်ဖုန်းတွေက Build-in browser တွေကတစ်ဆင့် အသုံးပြုသူတွေရဲ့ Browsing ပြုလုပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ အခိုင်အမာ ရေးသား လိုက်ပါတယ်။

စိတ်ဝင်စားဖို့ ပိုကောင်းတဲ့အချက်က Browser ဟာ Incognito mode သုံးနေချိန်၊ ဒါမှမဟုတ် Privacy-conscious DuckDuckGo web browser သုံးနေချိန်မှာတောင်မှ အချက်အလက်တွေကို စုဆောင်းမှုပြုလုပ်တယ်ဆိုတာပါပဲ။ လုံခြုံရေးသုတေသီဖြစ်တဲ့ Gabriel Cirlig ဟာ Redmi Note 8 ကို နေ့စဉ်အသုံးပြုနေတာဖြစ်တဲ့အတွက် ဒီအချက်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဟန်းဆက်ဟာ Gabriel ရဲ့ နေ့စဉ်ပြုလုပ်သမျှအားလုံးကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ ဒိုမိန်းဟာ ဘေဂျင်းမှာ ရှိနေတယ်ဆိုပေမယ့် ဒီမှတ်တမ်းကို ရုရှားနဲ့ စင်္ကာပူမှာရှိတဲ့ ဆာဗာတွေဆီလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။ အသုံးပြုသူရဲ့ Talking screens တွေ၊ ဖွင့်ခဲ့တဲ့ Folder တွေ၊ လည်ပတ်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေ၊ ပြောင်းလဲလိုက်တဲ့ Setting တွေ၊ ကျပန်း App မှာဖွင့်နားထောင်တဲ့ ဂီတတွေအကြောင်းကို မှတ်တမ်းယူပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

အချက်အလက်တွေဟာ 64 format အခြေခံ Encrypt ပြုလုပ်ထားတာဖြစ်တဲ့အတွက် အချက်အလက်တွေကို Plain text ပြောင်းဖို့ လွယ်ကူတယ်လို့ သိရပါတယ်။ Gabriel ဟာ Xiaomi Mi 10, Redmi K20 နဲ့ Mi Mix 3 တွေရဲ့ ROM တွေကို Download လုပ်ခဲ့ပြီး ဒီဟန်းဆက်တွေအားလုံးမှာ တူညီတဲ့ လုံခြုံရေး အားနည်းချက်ရှိနေတာကို တွေ့မြင်ခဲ့ရကြောင်း ဆိုပါတယ်။

ဒါ့အပြင် အခြား လုံခြုံရေး သုတေသီတစ်ဦးဖြစ်တဲ့ Andrew Tierney ကလည်း Mi Browser Pro နဲ့ Mint Browser တွေမှာ သံသယဖြစ်ဖွယ်ရာ အချက်အလက်တွေ တွေ့ရှိရကြောင်း ထောက်ခံပြောဆိုခဲ့ပါသေးတယ်။ Xiaomi ကတော့ ဒီစွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်းနဲ့ ကုမ္ပဏီအနေနဲ့ အသုံးပြုသူတွေရဲ့ Privacy ကို အထူးပဲ အရေးထားကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Ref: GSM Arena