ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Xiaomi ကနေ Mi 10 စမတ်ဖုန်းကိုလာမယ့် မတ်လ ၃၁ ရက်နေ့မှာ India မှာမိတ်ဆက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ COVID-19 ပျံ့နှံ့မှုကြောင့် နောက်ဆုတ်လိုက်ရပြီဖြစ်ပါတယ်။

အခုလိုမျိုး ဆုံးဖြတ်ရတာကလည်း Indian Prime Minister ဖြစ်တဲ့ Mr. Narendra Modi ကနေ COVID-19 ပျံ့နှံ့မှုကို ထိန်းချူပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown ချလိုက်တာကြောင့်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ India နိုင်ငံမှာ လူအယောက် ၅၀၀ ကျော် ကူးစက်ထားပြီးဖြစ်သလို ၁၁ ယောက်အထိ အသက်ဆုံးရှုံးထားတယ်လို့ သိရပါတယ်။

Mi 10 မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းလိုက်တဲ့အပြင် Xiaomi ကနေ Mi Home Store တွေကိုပါ ပိတ်ပစ်လိုက်ပြီး Home Delivery ကိုလည်း ပေးပို့သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Redmi Note 9 Pro Max ကို စစခြင်းရောင်းချဖို့ကိုပါ ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ India မှာ Vivo နဲ့ realme နောက်ပိုင်း စမတ်ဖုန်းမိတ်ဆက်ဖို့ကို ရွေ့ဆိုင်းလိုက်တဲ့ တတိယမြောက် စမတ်ဖုန်းကုမ္ပဏီဖြစ်လာပါပြီ။

Ref – GSM Arena