Unicode

Xiaomi ကနေ ဒီနှစ်အစောပိုင်းမှာ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Mi 10 စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mi 10 ၊ Mi 10 Pro ဖုန်းတွေနဲ့ ပတ်သတ်တဲ့သတင်းအချို့ပေါက်ကြားလာခဲ့သလိုပဲ အခုလည်း Mi 10 နဲ့ ပတ်သတ်တဲ့သတင်းကို Xiaomi ရဲ့ Product Manager ကနေ ပြောကြားခဲ့ပါတယ်။

ဒါကတော့ Xiaomi ရဲ့ Product Manager အဖြစ်တာဝန်ယူထားတဲ့ Wang Teng ကနေ Weibo စာမျက်နှာမှာ Xiaomi Mi 10 နဲ့သက်ဆိုင်တယ်လို့ ယူဆရတဲ့စာကြောင်းအချို့ကို တင်ထားခဲ့တာဖြစ်ပါတယ်။ အခုလို တင်ထားပြီး ခတ္တအကြာမှာ ပြန်ပြီးဖျက်သွားတဲ့အတွက် သေချာတယ်လို့ယူဆလို့ရနေပြန်ပါတယ်။

Wang Teng က Xiaomi ဖုန်းတွေကို ဝယ်ယူဖို့စိတ်ကူးနေတဲ့သူတွေအနေနဲ့ တရုတ်ယွမ်ငွေ ၃,၅၀၀ အောက်သုံးစွဲမယ်ဆိုရင် Mi CC9 Pro သို့မဟုတ် Redmi K30 ကို ရွေးချယ်ဖို့နဲ့ တကယ်လို့ တရုတ်ယွမ်ငွေ ၃,၅၀၀ (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) အထက် သုံးဖို့စိတ်ကူးနေတယ်ဆိုရင်တော့ တရုတ်နှစ်ကုန်တဲ့အထိ စောင့်ဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် Mi 10 ရဲ့ စျေးနှုန်းဟာ ယွမ် ၃,၅၀၀ အထက်ဖြစ်ဖို့က ကျိန်းသေသွားပြီးတော့ ယွမ် ၃,၅၀၀ (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) နဲ့ ယွမ် ၅,၀၀၀ (မြန်မာငွေ ၁၀ သိန်းခွဲဝန်းကျင်) အတွင်း ရောင်းချလာနိုင်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြီးဆုံးပြီဖြစ်တဲ့အတွက် Mi 10 ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ တရားဝင်မိတ်ဆက်လာဖို့များနေပါတယ်။

Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ Curved AMOLED Display ကိုမှ Selfie Camera အတွက် Punch-hole Design နဲ့ ပွဲထွက်လာမှာဖြစ်ပြီး 108MP Primary Camera Sensor အပြင် Battery Charging ပိုင်းကိုလည်း အဓိကအားစိုက်လာမှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ကေန ဒီႏွစ္အေစာပိုင္းမွာ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Mi 10 စမတ္ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက Mi 10 ၊ Mi 10 Pro ဖုန္းေတြနဲ႔ ပတ္သတ္တဲ့သတင္းအခ်ိဳ႕ေပါက္ၾကားလာခဲ့သလိုပဲ အခုလည္း Mi 10 နဲ႔ ပတ္သတ္တဲ့သတင္းကို Xiaomi ရဲ႕ Product Manager ကေန ေျပာၾကားခဲ့ပါတယ္။

ဒါကေတာ့ Xiaomi ရဲ႕ Product Manager အျဖစ္တာဝန္ယူထားတဲ့ Wang Teng ကေန Weibo စာမ်က္ႏွာမွာ Xiaomi Mi 10 နဲ႔သက္ဆိုင္တယ္လို႔ ယူဆရတဲ့စာေၾကာင္းအခ်ိဳ႕ကို တင္ထားခဲ့တာျဖစ္ပါတယ္။ အခုလို တင္ထားၿပီး ခတၱအၾကာမွာ ျပန္ၿပီးဖ်က္သြားတဲ့အတြက္ ေသခ်ာတယ္လို႔ယူဆလို႔ရေနျပန္ပါတယ္။

Wang Teng က Xiaomi ဖုန္းေတြကို ဝယ္ယူဖို႔စိတ္ကူးေနတဲ့သူေတြအေနနဲ႔ တ႐ုတ္ယြမ္ေငြ ၃,၅၀၀ ေအာက္သုံးစြဲမယ္ဆိုရင္ Mi CC9 Pro သို႔မဟုတ္ Redmi K30 ကို ေ႐ြးခ်ယ္ဖို႔နဲ႔ တကယ္လို႔ တ႐ုတ္ယြမ္ေငြ ၃,၅၀၀ (ျမန္မာေငြ ၇ သိန္းခြဲဝန္းက်င္) အထက္ သုံးဖို႔စိတ္ကူးေနတယ္ဆိုရင္ေတာ့ တ႐ုတ္ႏွစ္ကုန္တဲ့အထိ ေစာင့္ဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ Mi 10 ရဲ႕ ေစ်းႏႈန္းဟာ ယြမ္ ၃,၅၀၀ အထက္ျဖစ္ဖို႔က က်ိန္းေသသြားၿပီးေတာ့ ယြမ္ ၃,၅၀၀ (ျမန္မာေငြ ၇ သိန္းခြဲဝန္းက်င္) နဲ႔ ယြမ္ ၅,၀၀၀ (ျမန္မာေငြ ၁၀ သိန္းခြဲဝန္းက်င္) အတြင္း ေရာင္းခ်လာႏိုင္ပါတယ္။ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ဟာ လာမယ့္ ဇန္နဝါရီလ ၂၅ ရက္ေန႔မွာ ၿပီးဆုံးၿပီျဖစ္တဲ့အတြက္ Mi 10 ဖုန္းေတြကို လာမယ့္ ေဖေဖာ္ဝါရီလဆန္းပိုင္းမွာ တရားဝင္မိတ္ဆက္လာဖို႔မ်ားေနပါတယ္။

Xiaomi Mi 10 Series စမတ္ဖုန္းေတြဟာ Curved AMOLED Display ကိုမွ Selfie Camera အတြက္ Punch-hole Design နဲ႔ ပြဲထြက္လာမွာျဖစ္ၿပီး 108MP Primary Camera Sensor အျပင္ Battery Charging ပိုင္းကိုလည္း အဓိကအားစိုက္လာမွာျဖစ္ပါတယ္။

Ref – Gizmo China