Xiaomi က တန်ဖိုးနည်း Redmi A3 စမတ်ဖုန်းကို ကြေညာလိုက်ပြီး အနောက်ဘက် ဒီဇိုင်းကို သားရေနဲ့ ဖုံးအုပ်ထားသလို ပြုလုပ်ထားပါတယ်။ ကြီးမားတဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh နဲ့ Android 14 ထည့်သွင်းထားပါတယ်။

Xiaomi Redmi A3 is official with a big 90 Hz display

Redmi A3 မှာ Helio G36 Chipset မောင်းနှင်ထားပြီး 3GB, 4GB, 6GB RAM ထည့်သွင်းထားပါတယ်။ အရင်မျိုးဆက် Redmi A2 မှာ ပါတဲ့ Android 13 Go အစား Android 14 ကို ထည့်သွင်းပေးထားတာက တော်တော် ကောင်းပါတယ်။

Redmi A3 မှာ 6.71” LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားကာ Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှုပ်နှံထားပါတယ်။ မျက်နှာပြင်မှာ 5MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

Xiaomi Redmi A3 is official with a big 90 Hz display

အနောက်ဘက်မှာ 8MP Main နဲ့ Auxiliary ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး LED Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး USB-C Port နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Olive Green, Midnight Black နဲ့ Lake Blue အရောင်တွေ ထုတ်လုပ်ထားပြီး 3/64GB ကို ၈၇ ဒေါ်လာ၊ 4/128GB ကို ၁၀၀ ဒေါ်လာနဲ့ 6/128GB ကို ၁၁၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Xiaomi က အိန္ဒိယမှာ ဒီလ ၂၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena