Unicode
Xiaomi က Redmi K30 နဲ့ K30 5G စမတ်ဖုန်းတွေကို အခုလောလောဆယ်မှာ နောက်ဆုံးမိတ်ဆက်ထားပြီးတော့ စျေးအသက်သာဆုံး 120Hz Display နဲ့ 5G Support ရရှိတဲ့ စမတ်ဖုန်းတွေလို့တောင် ပြောလို့ရပါတယ်။ အခုလည်း Xiaomi ကနေ ပိုပြီးကောင်းတဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Redmi K30 Pro ကို မိတ်ဆက်လာတော့မှာပါ။
လက်ရှိအချိန်မှာတော့ Redmi K30 Pro ရဲ့ Benchmark ရလဒ်တွေကို Geekbench 5.1 မှာ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ အခု Benchmark ရလဒ်တွေအရ Redmi K30 Pro မှာ Snapdragon 865 Processor နဲ့အတူ RAM 8GB ပါဝင်လာမယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီ ပေါက်ကြားခဲ့တဲ့ Benchmark အရတော့ Redmi K30 Pro ဖုန်းက Single Core Score 903 Marks နဲ့ Multi-core Score မှာတော့ 3362 Marks ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ ပြီးခဲ့တဲ့ Flagship Processor ဖြစ်တဲ့ Snapdragon 855 ရဲ့ ပျှမ်းမျှရလဒ်ဖြစ်တဲ့ Single Core Score 500 Marks နဲ့ Multi-core Score 2200 Marks ဝန်းကျင်ကနေ သိသိသာသာကို တိုးတက်လာတာပါ။
ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Geekbench Benchmark တွေထွက်ရှိလာပြီဖြစ်တဲ့အတွက် Redmi K30 Pro ဖုန်းဟာ Xiaomi အတွက် Mi 10 ၊ Mi 10 Pro နဲ့ Poco F2 ဖုန်းတွေလိုမျိုးပဲ Snapdragon 865 သုံးထားတဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။
Ref – GSM Arena
Zawgyi
Ref – GSM Arena