Xiaomi ကနေ ထုတ်လုပ်နေတဲ့ Redmi Note Series ဖုန်းတွေဟာ လူကြိုက်များပြီး အောင်မြင်တဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Redmi Note 11 နဲ့ Redmi Note 11 NFC Version တွေအတွက် Android 12 Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Xiaomi ကနေ ထုတ်ပေးလိုက်တဲ့ Android 12 Update ဟာ Version Number အနေနဲ့ MIUI 13.0.2.0 SGCMIXM ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ File Size အနေနဲ့ 2.7GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပြီး Android Security Patch Level ကိုလည်း June 2022 ကို Update ပြုလုပ်ပေးထားပါတယ်။

Xiaomi Redmi Note 11 ဟာ အစောပိုင်းတုန်းကလည်း MIUI 13 ကို အသုံးပြုထားတာဖြစ်ပေမယ့် Android Version 11 ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Android Version 12 ဖြစ်သွားတာက တချို့သော Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi အနေနဲ့ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကို အတိအကျပြောကြားခဲ့ခြင်းမရှိဘဲ Phone ၊ Clock နဲ့ Weather App တွေအတွက် Accessibility Support ကို အဆင့်မြှင့်တင်ထားတယ်လို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mind Map Note တွေအသုံးပြုတဲ့အချိန်မှာ ပိုပြီး အသုံးပြုရလွယ်ကူပောင် ဆောင်ရွက်ပေးထားပါတယ်။

Ref – GSM Arena